ဒို့ပြည်သူတွေ သွေးမအေးသေးဘူး

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် နွေဦးရုပ်ရှင်ပွဲတော်မှ တော်လှန်ရန်ပုံငွေ သိန်းထောင်ချီ ရရှိ

ရန်ကုန်၊ မေ ၇

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒုတိယအကြိမ်မြောက် ကျင်းပခဲ့သော နွေဦးရုပ်ရှင်ပွဲတော်တွင် Artists’ Shelter က စီစဉ်သည့် “သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ” ရုပ်ရှင်ဇာတ်လမ်းတို ၄ ကားတွဲကို ဧပြီလ ၂၉ ရက်နေ့က ပြသခဲ့ရာ ပရိသတ် ထောင်ချီတက်ရောက်ခဲ့ပြီး လေလံအောင်ကြေးများအပါအဝင် တော်လှန်ရေးရန်ပုံငွေ သိန်းထောင်ကျော်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပွဲတွင် အတူတကွ (Together)၊ The Guilt ၊ ငါတို့မှာ ငါတို့ပဲ ရှိတယ်၊ The Unknown Infinity (အတိုင်းမသိ) ဇာတ်ကား လေးကားကို ပြသခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

နွေဦးရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ဇာတ်ကားများ၏ ရုပ်ရှင်အမှတ်တရပစ္စည်းရောင်းချခြင်း၊ ချက်ချင်းရိုက် ချက်ချင်းယူ အမှတ်တရဓာတ်ပုံရိုက်ခြင်းများ၊ မဲရောင်းချခြင်း၊ ရုပ်ရှင်ချိန်အတွင်းအလှူငွေကောက်ခံခြင်း စသည်တို့အပါအဝင် တော်လှန် အနုပညာရှင်များလက်မှတ်ရေးထိုးထားသော အမှတ်တရပစ္စည်း ၂ ခုကိုလည်း လေလံဆွဲခဲ့ကြရာ The Unknown Infinity ဇာတ်ကားမှ ဖန်တီးသူများ လက်မှတ်ထိုးထားသော အိတ်မှာ ယန်း ၉ သောင်း (ကျပ်ငွေ ၂၂ သိန်းခန့်) ဖြင့်လည်းကောင်း၊တော်လှန်အနုပညာရှင် ၅ ဦးနှင့် ဒီဇိုင်နာ လက်မှတ်ပါဝင်သော ဟူဒီ အင်္ကျီမှာ ယန်း ၄ သိန်း ( ကျပ် သိန်း ၁၀၀ ခန့်) ဖြင့် အသီးသီး လေလံ ကြေးရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဝင်ငွေရရှိမှုများကိုသက်ဆိုင်ရာ ရုပ်ရှင်ဖန်တီးထုတ်လုပ်သူများထံ ခွဲဝေပေးသွားမည်ဖြစ်ပြီး ထိုမှတဆင့် အာဏာရှင်ဆန့်ကျင်ရေးအတွက် မြေပြင်တွင်လိုအပ်နေသော တော်လှန်ရေးအဖွဲ့အစည်း၊ နေရာများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕တြင္ က်င္းပခဲ့သည့္ ေႏြဦး႐ုပ္ရွင္ပြဲေတာ္မွ ေတာ္လွန္ရန္ပုံေငြ သိန္းေထာင္ခ်ီ ရရွိ
ရန္ကုန္၊ ေမ ၇
ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕မွာ ဒုတိယအႀကိမ္ေျမာက္ က်င္းပခဲ့ေသာ ေႏြဦး႐ုပ္ရွင္ပြဲေတာ္တြင္ Artists’ Shelter က စီစဥ္သည့္ “သတၱိနဲ႔ပြင့္လန္း ခ်စ္ေသာပန္းမ်ား” ႐ုပ္ရွင္ဇာတ္လမ္းတို ၄ ကားတြဲကို ဧၿပီလ ၂၉ ရက္ေန႔က ျပသခဲ့ရာ ပရိသတ္ ေထာင္ခ်ီတက္ေရာက္ခဲ့ၿပီး ေလလံေအာင္ေၾကးမ်ားအပါအဝင္ ေတာ္လွန္ေရးရန္ပုံေငြ သိန္းေထာင္ေက်ာ္ရရွိခဲ့ေၾကာင္း သိရွိရသည္။


အဆိုပါ ပြဲတြင္ အတူတကြ (Together)၊ The Guilt ၊ ငါတို႔မွာ ငါတို႔ပဲ ရွိတယ္၊ The Unknown Infinity (အတိုင္းမသိ) ဇာတ္ကား ေလးကားကို ျပသခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။
ေႏြဦး႐ုပ္ရွင္ပြဲေတာ္တြင္ ႐ုပ္ရွင္ဇာတ္ကားမ်ား၏ ႐ုပ္ရွင္အမွတ္တရပစၥည္းေရာင္းခ်ျခင္း၊ ခ်က္ခ်င္း႐ိုက္ ခ်က္ခ်င္းယူ အမွတ္တရဓာတ္ပုံ႐ိုက္ျခင္းမ်ား၊ မဲေရာင္းခ်ျခင္း၊ ႐ုပ္ရွင္ခ်ိန္အတြင္းအလႉေငြေကာက္ခံျခင္း စသည္တို႔အပါအဝင္ ေတာ္လွန္ အႏုပညာရွင္မ်ားလက္မွတ္ေရးထိုးထားေသာ အမွတ္တရပစၥည္း ၂ ခုကိုလည္း ေလလံဆြဲခဲ့ၾကရာ The Unknown Infinity ဇာတ္ကားမွ ဖန္တီးသူမ်ား လက္မွတ္ထိုးထားေသာ အိတ္မွာ ယန္း ၉ ေသာင္း (က်ပ္ေငြ ၂၂ သိန္းခန႔္) ျဖင့္လည္းေကာင္း၊ေတာ္လွန္အႏုပညာရွင္ ၅ ဦးႏွင့္ ဒီဇိုင္နာ လက္မွတ္ပါဝင္ေသာ ဟူဒီ အက်ႌမွာ ယန္း ၄ သိန္း ( က်ပ္ သိန္း ၁၀၀ ခန႔္) ျဖင့္ အသီးသီး ေလလံ ေၾကးရရွိခဲ့ေၾကာင္း သိရွိရသည္။


အဆိုပါဝင္ေငြရရွိမႈမ်ားကိုသက္ဆိုင္ရာ ႐ုပ္ရွင္ဖန္တီးထုတ္လုပ္သူမ်ားထံ ခြဲေဝေပးသြားမည္ျဖစ္ၿပီး ထိုမွတဆင့္ အာဏာရွင္ဆန္႔က်င္ေရးအတြက္ ေျမျပင္တြင္လိုအပ္ေနေသာ ေတာ္လွန္ေရးအဖြဲ႕အစည္း၊ ေနရာမ်ားသို႔ ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*