ကိုယ်ချင်းမစာကြဘူး သူတို့မိသားစုတွေမထိသေးလို့

ဖြူးမြို့နယ်၊ ကြူအင်းကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် သမီးငယ် ပွဲချင်းပြီး သေဆုံးပြီး မိခင်နှင့်အစ်မဖြစ်သူတို့ ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၅

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျာ၀တီမြို့၊ ကြူအင်းကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီး သေဆုံးပြီး မိခင်နှင့်အစ်မဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖြူးမြို့နယ်၊ ဇေယျာ၀တီမြို့၊ အရှေ့မြောက်ဘက်ရှိ ကြူအင်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် သားအမိ ၃ ဦးကို ထိမှန်သွားခဲ့ပြီး အသက် ၈ နှစ်အရွယ် ကလေးငယ်မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မိခင်ဖြစ်သူမှာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိပြီး အစ်မဖြစ်သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်မှာ လက်နက်ကြီးအစများ ညာဘက်လက်တွင် စိုက်ဝင်နေကြောင်း သိရှိရသည်။

“စစ်တပ်က မနက်ခင်း လေးနာရီ ခွဲက စပြီး ကြူအင်းကျေးရွာကို လက်နက်ကြီးနဲ့ ပစ်တယ်။ ရွာခြေနဲ့ရွာကိုပစ်ခတ်ခဲ့ပါတယ်။ သားအမိသုံးကိုကို ထိသွားပြီး အငယ်ဆုံးကလေး အသက် ၈ နှစ်အရွယ် သမီးလေးက ပွဲချင်းပြီးဆုံးသွားတယ်။ အသက် ၁၄ နှစ် အရွယ် အကြီးမလေးကတော့ ညာဘက် လက်အောက်မှာ လက်နက်ကြီး အစ နစ်သွားတယ်။ မိခင်ကတော့ ခြေဖဝါးနဲ့ ခြေမ

ထိသွားခဲ့ပါတယ်။ အခုဖြူးမြို့နယ် ပြည်သူ့ဆေးရုံမာ တက်ရောက်နေပါတယ်။ အသက် ၁၄ နှစ်အရွယ် သမီးလေးက လက်နက်ကြီး အစ ခွဲထုတ်ရမယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန် မွန်ပြည် နယ်၊ သထုံမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာထဲသို့ အကြမ်းဖက်စစ်တပ် ခမရ ၉ က လက်နက်ကြီး ၄ လုံးဖြင့် တမင်ရည်ရွယ် ပစ်ခတ်ခဲ့ရာ နေအိမ် ၃ လုံး လက်နက်ကြီး ၃ လုံး ထိမှန်ခဲ့ကြောင်း၊ လက်နက်ကြီးကျည် ၁လုံးမှာ မပေါက်ကွဲဘဲ ရှိနေသဖြင့် KNLA တပ်ရင်း ၂ နှင့် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းထုတ်ယူပေးခဲ့ရကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *