ဒတ် ဒတ် ဒတ်အကြီးကြီးတွေ သိမ်းဆည်းရမိ

စစ်ကောင်စီ၏ ၁၄ ဒသမ ၅ လေယာဉ်ပစ်စက်သေနတ်များကိုပါ သိမ်းဆည်းရရှိထားဟု MNDAA ပြော

▪︎စစ်ဆင်ရေး ၁၀ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၁၄၁ခု ကို ညီနောင်သုံးဖွဲ့သိမ်းပိုက်ထား

ရှမ်းမြောက်ဒေသ၌ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ထံမှ လေယာဉ်ပစ် လက်နက်များကိုပါ သိမ်းဆည်းရရှိထားကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယ​နေ့ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၁၀ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၅ရက်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့က စစ်ရေးသတင်းထုတ်ပြန်ရာ၌ စစ်ကောင်စီတပ်စခန်း ၁၂၀ကျော်သိမ်းပိုက်ခဲ့ပြီး တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများနှင့် လေယာဉ်ပစ် လက်နက်ကြီးများ၊ စက်လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။

ယင်းနှင့်ပတ်သက်ပြီး လေယာဉ်ပစ် လက်နက်အမျိုးအစားအား မေးမြန်းရာ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက 14.5 စက်သေနတ်ဖြစ်သည်ဟု ပြောပြသည်။

သိမ်းဆည်းရရှိသည့် လက်နက်အရေအတွက်စာရင်းများကိုမူ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားခြင်းမရှိပေ။

အဆိုပါ သေနတ်ပြောင်း ၁၄.၅ လေယာဉ်ပစ်လက်နက်အမျိုးအစားသည် စစ်ကောင်စီတပ်၏ စစ်ရေယာဉ်များ

၌လည်း တပ်ဆင်အသုံးပြု​လေ့ရှိသည့် လက်နက်အမျိုးအစားဖြစ်လည်းဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ထံမှ သံချပ်ကာယာဉ် ၆စီး၊ လေယာဉ်ပစ် စက်သေနတ်အပါအဝင် စက်သေနတ်ကြီးအများအပြား၊ ​ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီးများစွာ၊ လက်နက်ငယ်များစွာနှင့် ခဲယမ်းကျည်များစွာကို MNDAA အပါအဝင် မဟာမိတ်တပ်များက သိမ်းပိုက်ရရှိထားသည်။

မုံးကိုး ဖောင်းဆိုင်ဒေသတိုက်ပွဲ၌ စက်သေနတ်ကြီးအ များအပြားနှင့် သံချပ်ကာယာဉ် အများအပြားသိမ်းဆည်းရရှိခဲ့သည်။

ညီနောင်သုံးဖွဲ့က စစ်ကောင်စီတပ်စခန်း ၁၂၀ကျော်ကို သိမ်းပိုက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသော်လည်း MNDAAနှင့် TNLA တို့ ထုတ်ပြန်သည့် စာရင်းများအရ ၁၀၂၇ စစ်ဆင်ရေး ၁၀ရက်တာကာလ ယနေ့ နိုဝင်ဘာ ၅ရက် ညပိုင်းအထိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် ပြည်သူ့စစ်စခန်းပေါင်း ၁၄၁ခုကို သိမ်းပိုက်ရရှိထားသည်။စာရင်းအ​သေးစိပ်မှာ MNDAAနှင့် AAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တပ်စခန်း ၁၀၉ခု၊ TNLAက တိုက်ခိုက်သိမ်းပိုက်သည့် တပ်စခန်း ၃၂ ခု ဖြစ်သည်။

(ကိုးကန့်​ဒေသတိုက်ပွဲများတွင်စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် စက်သေနတ်ကြီးများနှင့်

လက်နက်ခဲယမ်းများ။ ဓါတ်ပုံ- The Kokang )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *