ရွှေ၊ ငွေ၊ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ..
ဒီကာလ Consultation တိုင်းလိုလိုမှာ ကျွန်တော့်ကို ဆရာ ကျွန်တော် ရွှေငွေအိမ်ခြံမြေ ကိုင်ထားရင် ကောင်းမလား ဆိုပြီး ခဏခဏ မေးကြတယ်
အချို့ကျတော့လဲ ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ပြီးသား အသိ Consultant တစ်ယောက်ပြောသလို ဆိုရင် အဖြေလာတိုက်တာပေါ့။
မေးတဲ့သူတွေထဲမှာ SMEs Owners တွေ ပါသလို အခြား ဝန်ထမ်းဘဝကနေ ထွက်လာပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို အခုမှစတည်မည့်သူတွေလည်း ပါတယ်။
ကျွန်တော့်အမြင်အရ တော့ Investment တစ်ခု မလုပ်ခင်မှာ စဉ်းစားသင့်တဲ့ဟာက ကိုယ်က တကယ်ကို Investor လိုမျိုး ရင်းနှီးမြုပ်နှံနိုင်တဲ့ အခြေအနေ ရှိနေပြီလား ဆိုတာကို အရင် စဉ်းစားသင့်တယ်မြင်တာပဲ။ ဘာလို့လဲဆိုတော့ Investment ဆိုတာ Cashflow မှာ တိုးလာတာမဟုတ်ပဲ Value မှာ တိုးလာတဲ့ ကိစ္စ ဖြစ်နေလို့ပါပဲ။
ရွှေ၊ ငွေ ၊အိမ်ခြံမြေ၊ အစရှိတာတွေ အပေါ်မှာ ရင်းနှီးမြုပ်နှံတဲ့ အခါမှာ ကျွန်တော်တို့ဟာ အချိန်ကာလ တစ်ခုအထိ ရင်းနှီးမြုပ်နှံမှုကို ပြန်လည် ရောင်းချတာမျိုး သုံးစွဲတာမျိုး မလုပ်ဖို့ လိုပါတယ်။ အဲဒါမှ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ တန်ဖိုးတိုးတက်လာတာ ကို ခံစားရမှာဖြစ်ပါတယ်။ စာရင်းသေစုငွေနဲ့ ဆင်ပါတယ်။
အဲလိုဖြစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ဆီမှာ အဲဒီ Investment ကို မထိဘဲနဲ့ မူလ အခြေအနေ မပျက်ဘဲ သုံးစွဲနေနိုင်ဖို့ လုံလောက်တဲ့ ဝင်ငွေရှိနေဖို့ လိုပါတယ်။ အဲလို ဝင်ငွေရှိမှ သာ Investor လိုမျိုး ရင်းနှီးမြုပ်နှံနိုင်မှာဖြစ်ပါတယ်။ တည့်တည့်ပြောရရင် ငွေပိုနေဖို့ အပြင် ငွေပုံမှန်ဝင်နေဖို့လည်း လိုပါတယ်။
ပြဿနာက ဘာဖြစ်နေလဲ ဆိုတော့ အခုက ပုံမှန်ဝင်ငွေလောက်င ရုံလောက်ပဲရှိတဲ့ သူတွေ ဟာ ရွှေ၊ ငွေ ၊ အိမ်ခြံမြေ၊ အစရှိတဲ့ အပေါ်မှာ ရှိတာလေးတွေ ထုခွဲရောင်းချပြီး ဒါမှမဟုတ် တစ်သက်လုံး စုဆောင်းထားတာလေးတွေ ပုံအောပြီး ဝင်ရောက်ရင်းနှီးမြုပ်နှံကြတာကို တွေ့ရတယ်။
အဲတော့ တက်ဈေးဆိုတာ နဲ့ ဈေးတက်တော့မယ် ဆိုပြီး ကြောက်ဝယ် ဝယ်မိ ၊ ကျပြီဟေ့ဆိုရင်လည်း ဈေးကျတော့မယ်ဆိုပြီး ကြောက်ရောင်းရောင်းမိနဲ့ လှိုင်းဝင်စီးတာ လှိုင်းကပဲ ပြန်ပြန်စီးသွားတဲ့ အခြေအနေတွေ နဲ့ ကြုံရတော့တာပါပဲ။
နောက်တစ်ခုက ဝယ်ထားပြီး လက်ထဲ ကိုင်ထား တဲ့အချိန်သုံးစရာ ငွေမရှိတော့ ဈေးကောင်းမရခင် ထုတ်ရောင်းရတဲ့အခြေအနေ တွေ ဖြစ်လာတော့တာ။
ပြောချင်တာ က Investor ဆိုတာ ရင်းနှီး မြုပ်နှံသူလို့ မြန်မာလို့ အဓိပ္ပါယ်ရတယ်မဟုတ်လား။ အရင်းအနှီးကို ကာလတစ်ခုအထိ မမြုပ်နှံနိုင်သေးဘူးဆိုရင် Investment ကို မလုပ်စေချင်သေးပါဘူး။ မူရင်းရေးသားသူ – ဆရာမိုက်ကယ်