ကြေးနန်းစာ ပေါက်ကြားပြန်ပြီဗျို့

ကုန်းကြမ်းက ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ် အများအပြား ကျဆုံးခဲ့ကြောင်း ကြေးနန်း ပေါက်ကြားလာ…

+++++++++++++++

ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ ကုန်းကြမ်းကနေ ဒီဇင်ဘာ ၂ ရက်နေ့က ဆုတ်ခွာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အင်အားအနည်းငယ်သာ ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီး အများအပြား ကျဆုံးခဲ့တယ်လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကနေ ကြေးနန်းများ ပေါက်ကြားလာပါတယ်။

MNDAA တပ်ဖွဲ့ဆီကို ကုန်းကြမ်းဒေသ အခြေစိုက် ခလရ-၁၂၅ တပ်ရင်း ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က အလံဖြူထောင် လက်နက်ချ ပူးပေါင်းခဲ့ပြီးနောက် စကခ (၁၂) တပ်မစစ်ကြောင်းများနဲ့ တမဟ (၁၆) တပ်မစစ်ကြောင်းများဟာ ကုန်းကြမ်းကနေ တာရွှေထန်ကို ဆုတ်ခွာသွားခဲ့တယ်လို့ ကြေးနန်းမှာ ဖော်ပြထားပါတယ်။

စကခ (၁၂) ဗိုလ်မှူးချုပ် အောင်ဇော်လင်း ဦးစီး ကွပ်ကဲမှုအဖွဲ့၊ နဗဟ (၃) နဲ့ တပ်ရင်း (၅) ရင်းပါ စစ်ကြောင်းများနဲ့ တမဟ (၁၆) က ဗိုလ်မှူးချုပ် သော်ဇင်ဦး ဦးစီး ကွပ်ကဲမှုအဖွဲ့၊ တပ်ရင်း (၁) ရင်းပါ စစ်ကြောင်းများဟာ ဒီဇင်ဘာ ၂ ရက် ညနေ ၆ နာရီအချိန် ကုန်းကြမ်းကနေ ဆုတ်ခွာခဲ့ရာ MNDAA ကိုးကန့်တပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကြောင်းအဖွဲ့ငယ်များ ကွဲထွက်ပြီး ကစင့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့ရသလို ဒီဇင်ဘာ ၈ ရက်နေ့အထိ စကခ (၁၂) စစ်ကြောင်းက အရာရှိ (၂၃) ဦးနဲ့ အခြားအဆင့်စစ်သည် ( ၉၉ ) ဦး၊ တမဟ (၁၆)က အရာရှိ( ၅) ဦးနဲ့ အခြားအဆင့်စစ်သည် (၂၀) ဦး စုစုပေါင်း ၁၄၇ ဦးသာ တာရွှေထန်ကို ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကြေးနန်းက ဆိုပါတယ်။

ကုန်းကြမ်းက ဆုတ်ခွာသွားတဲ့ စစ်ဆင်ရေးတပ်မ (၂) ခု၊ တပ်ရင်း (၆) ရင်း အင်အားဟာ အနည်းငယ်သာ တာရွှေထန်ကို ရောက်ရှိပူးပေါင်းနိုင်ခဲ့တာဖြစ်ပြီး ရတစကခ (၁၂) နဲ့ ကွပ်ကဲမှုအောက် (၅) ရင်းက (၂၄) ဦး၊ ရတတမဟ (၁၆)နဲ့ ကွပ်ကဲမှုအောက် တပ်ရင်း (၁ )ရင်းက (၁၈) ဦး တို့ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပြီး ကျန်အင်အား အများအပြားဟာ ပျောက်ဆုံး၊ ကျဆုံးတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာတို့ ဖြစ်မယ်လို့ ဆိုထားပြီး နောက်ဆက်တွဲ ဆက်သတင်းပို့မယ်လို့ ကြေးနန်းမှာ ဖော်ပြထားပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့အနေနဲ့ ကုန်းကြမ်းက ဆုတ်ခွာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းများကို ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အများအပြား ချေမှုန်းနိုင်ခဲ့သလို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခြင်းများလည်း ရှိတယ်လို့ The Kokang သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *