ငပုကစီလုတ်ကိုတမင်တကာရန်စနေတာဖြစ်မယ်

စစ်ကောင်စီက တရုတ်ပြည်သူတွေကို ထိခိုက်သေဆုံးမှုတွေ ဖြစ်အောင် တမင် တကာ လက်နက်ကြီးတွေနဲ့ ယူနန်ပြည်နယ်ကို ပစ်ခတ်နေသလား

ရန်ကုန်၊ ဇန်နဝါရီ ၄

အကြမ်းဖက်စစ်ကောင်စီက လောက်ကိုင်မြို့ကို လက်လွှတ် မဆုံးစေရေး ကြိုးစားလျက်ရှိရာမှာ လေယာဉ်နဲ့ ဗုံးကျဲတာ၊ လက်နက်ကြီပစ်ခတ်တာတွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့ ) မနေ့ နေ့လယ်ပိုင်းက ကိုးကန့် လောက်ကိုင်မြို့ နန်ထျင်မင် တောင်ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကြိမ်းခမ်း ခရိုင် နန်စန်မြို့ Nan San 南伞 မြို့တွင်း ကားလမ်းဘေး ဆိုင်တစ်ဆိုင်ပေါ် ကျရောက် ပေါက်ကွဲရာ အရပ်သား (၅)ဦး ဒဏ်ရာရ ကြပါတယ်။

နန်စန်မြို့ ဟာ လောက်ကိုင်မြို့ ရန်လုံကျိုင်း နယ်စပ်ဂိတ် နဲ့ နယ်စပ်ချင်း ဆက်လျက် တည်ရှိပြီး မူဆယ်- ရွှေလီ ၊ ပန်ဆိုင်း(ကြူကုတ်) – ဝမ်တိန် ၊ မုံးကိုး-မန့်ဟိုင် လို နယ်စပ်မျဉ်းရဲ့ တစ်ဘက်ခြမ်းစီမှာ တည်ရှိနေပါတယ်။

၂၀၂၃ အောက်တိုဘာလကုန် ပန်ဆိုင်းကြူကုတ်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်တုန်းကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်တွေ တရုတ်နိုင်ငံ ဝမ်တိန်မြို့ထဲကို ကျရောက်ခဲ့ပါတယ်။ အဆောက်အဦတချို့ ပျက်စီးခဲ့ပါတယ်။

တရုတ်နိုင်ငံ ဝမ်တိန်မြို့ကတော့ မြန်မာနိုင်ငံ ပန်ဆိုင်းကြူကုတ်မြို့နဲ့ နယ်စပ်မျဉ်းပေါ်မှာ တဆက်တည်း တည်ရှိနေပြီး တိုက်ပွဲ ဖြစ်နေတဲ့ နေရာနဲ့ ဘောလုံးကွင်း တစ်ခုစာလောက်သာ ကွာဝေးခဲ့ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလ ၃ ရက်နေ့ မနေ့ လက်နက်ကြီး ကျည် ကျရောက်တဲ့ နန်စန်မြို့ထဲ နဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နန်ထျင်မင် တောင်ကတော့ သုံးလေး ကီလိုမီတာကျော် ကွာဝေးပါတယ်။ မြန်မာနိုင်ငံ လောက်ကိုင်မြို့နယ် နဲ့ တရုတ်နိုင်ငံ နန်စန်မြို့နယ်ဟာ ၉၆ ကီလိုမီတာ အရှည် နယ်စပ်ချင်းဆက် တည်ရှိနေပါတယ်။

လောက်ကိုင် နယ်စပ်ဂိတ်ဖြစ်တဲ့ ရန်လုံကျိုင်း ကိုတော့ MNDAA က ဒီဇင်ဘာလ ၁၈ ရက်နေ့ ကတည်းက အလံထူ သိမ်းပိုက်ယူထားတာ ဖြစ်ပြီး လက်ရှိမှာ လောက်ကိုင်မြို့တွင်း ၈၀ ရာခိုင်နှုန်းလောက်ကိုလည်း MNDAA က ထိန်းချုပ်ထားပြီလို့ သိရပါတယ်။

နန်ထျင်မင် တောင်ပေါ်ရှိ စစ်ကောင်စီတပ်က လောက်ကိုင်မြို့တွင်းမှာ တစ်ခုတည်း ကျန်ရှိနေတဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ဒကစ (လောက်ကိုင်) မကျရှုံးရေးအတွက် လက်နက်ကြီး ပစ်ကူပေးနေရတဲ့အပြင် လေကြောင်း ပစ်ကူလည်း စစ်တပ်က နေ့စဉ် ပြုလုပ်နေပါတယ်။

ယူနန်ပြည်နယ်၊ နန်စန်မြို့ လက်နက်ကြီးကျည် ကျရောက်တဲ့ တည်နေရာ နဲ့ အရပ်မျက်နှာ အနေအထားအရ သုံးသပ်ကြည့်မယ် ဆိုပါက မတော်တဆ ဖြစ်စဉ် လို့ ပြောရခက်နေပါတယ်။ စစ်ခေါင်းဆောင်တွေက တရုတ်နိုင်ငံထဲ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ခေါင်းမာမာနဲ့ ပဋိပက္ခ မီးတောက် ပိုကြီး ကျယ်ပြန့်လာအောင် ကြံစည်နေတဲ့ လက္ခဏာလို့ ဆိုရမှာပါ။

မနေ့ ဇန်နဝါရီလ ၃ ရက်နေ့ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယူနန်ပြည်နယ်မှာ ပြည်သူ အနည်းဆုံး ၅ ဦးထက်မနည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- ယမန်နေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ စစ်တပ်၏ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသားတစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိထားစဉ်။

စစ္ေကာင္စီက တ႐ုတ္ျပည္သူေတြကို ထိခိုက္ေသဆုံးမႈေတြ ျဖစ္ေအာင္ တမင္ တကာ လက္နက္ႀကီးေတြနဲ႔ ယူနန္ျပည္နယ္ကို ပစ္ခတ္ေနသလား
ရန္ကုန္၊ ဇန္နဝါရီ ၄
အၾကမ္းဖက္စစ္ေကာင္စီက ေလာက္ကိုင္ၿမိဳ႕ကို လက္လႊတ္ မဆုံးေစေရး ႀကိဳးစားလ်က္ရွိရာမွာ ေလယာဥ္နဲ႔ ဗုံးက်ဲတာ၊ လက္နက္ႀကီပစ္ခတ္တာေတြကို ဆက္တိုက္ လုပ္ေဆာင္ေနခဲ့ပါတယ္။
ဇန္နဝါရီလ ၃ ရက္ေန႔ ) မေန႔ ေန႔လယ္ပိုင္းက ကိုးကန႔္ ေလာက္ကိုင္ၿမိဳ႕ နန္ထ်င္မင္ ေတာင္ေပၚရွိ စစ္ေကာင္စီတပ္က လက္နက္ႀကီး ပစ္ခတ္လို႔ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ႀကိမ္းခမ္း ခ႐ိုင္ နန္စန္ၿမိဳ႕ Nan San 南伞 ၿမိဳ႕တြင္း ကားလမ္းေဘး ဆိုင္တစ္ဆိုင္ေပၚ က်ေရာက္ ေပါက္ကြဲရာ အရပ္သား (၅)ဦး ဒဏ္ရာရ ၾကပါတယ္။
နန္စန္ၿမိဳ႕ ဟာ ေလာက္ကိုင္ၿမိဳ႕ ရန္လုံက်ိဳင္း နယ္စပ္ဂိတ္ နဲ႔ နယ္စပ္ခ်င္း ဆက္လ်က္ တည္ရွိၿပီး မူဆယ္- ေ႐ႊလီ ၊ ပန္ဆိုင္း(ၾကဴကုတ္) – ဝမ္တိန္ ၊ မုံးကိုး-မန႔္ဟိုင္ လို နယ္စပ္မ်ဥ္းရဲ႕ တစ္ဘက္ျခမ္းစီမွာ တည္ရွိေနပါတယ္။
၂၀၂၃ ေအာက္တိုဘာလကုန္ ပန္ဆိုင္းၾကဴကုတ္မွာ တိုက္ပြဲေတြ ျပင္းထန္ေနခ်ိန္တုန္းကလည္း စစ္ေကာင္စီတပ္ရဲ႕ လက္နက္ႀကီးက်ည္ေတြ တ႐ုတ္ႏိုင္ငံ ဝမ္တိန္ၿမိဳ႕ထဲကို က်ေရာက္ခဲ့ပါတယ္။ အေဆာက္အဦတခ်ိဳ႕ ပ်က္စီးခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံ ဝမ္တိန္ၿမိဳ႕ကေတာ့ ျမန္မာႏိုင္ငံ ပန္ဆိုင္းၾကဴကုတ္ၿမိဳ႕နဲ႔ နယ္စပ္မ်ဥ္းေပၚမွာ တဆက္တည္း တည္ရွိေနၿပီး တိုက္ပြဲ ျဖစ္ေနတဲ့ ေနရာနဲ႔ ေဘာလုံးကြင္း တစ္ခုစာေလာက္သာ ကြာေဝးခဲ့ပါတယ္။
ဒါေပမဲ့ ဇန္နဝါရီလ ၃ ရက္ေန႔ မေန႔ လက္နက္ႀကီး က်ည္ က်ေရာက္တဲ့ နန္စန္ၿမိဳ႕ထဲ နဲ႔ စစ္ေကာင္စီတပ္စြဲထားတဲ့ နန္ထ်င္မင္ ေတာင္ကေတာ့ သုံးေလး ကီလိုမီတာေက်ာ္ ကြာေဝးပါတယ္။ ျမန္မာႏိုင္ငံ ေလာက္ကိုင္ၿမိဳ႕နယ္ နဲ႔ တ႐ုတ္ႏိုင္ငံ နန္စန္ၿမိဳ႕နယ္ဟာ ၉၆ ကီလိုမီတာ အရွည္ နယ္စပ္ခ်င္းဆက္ တည္ရွိေနပါတယ္။
ေလာက္ကိုင္ နယ္စပ္ဂိတ္ျဖစ္တဲ့ ရန္လုံက်ိဳင္း ကိုေတာ့ MNDAA က ဒီဇင္ဘာလ ၁၈ ရက္ေန႔ ကတည္းက အလံထူ သိမ္းပိုက္ယူထားတာ ျဖစ္ၿပီး လက္ရွိမွာ ေလာက္ကိုင္ၿမိဳ႕တြင္း ၈၀ ရာခိုင္ႏႈန္းေလာက္ကိုလည္း MNDAA က ထိန္းခ်ဳပ္ထားၿပီလို႔ သိရပါတယ္။
နန္ထ်င္မင္ ေတာင္ေပၚရွိ စစ္ေကာင္စီတပ္က ေလာက္ကိုင္ၿမိဳ႕တြင္းမွာ တစ္ခုတည္း က်န္ရွိေနတဲ့ ေဒသကြပ္ကဲေရး စစ္ဌာနခ်ဳပ္ ဒကစ (ေလာက္ကိုင္) မက်ရႈံးေရးအတြက္ လက္နက္ႀကီး ပစ္ကူေပးေနရတဲ့အျပင္ ေလေၾကာင္း ပစ္ကူလည္း စစ္တပ္က ေန႔စဥ္ ျပဳလုပ္ေနပါတယ္။
ယူနန္ျပည္နယ္၊ နန္စန္ၿမိဳ႕ လက္နက္ႀကီးက်ည္ က်ေရာက္တဲ့ တည္ေနရာ နဲ႔ အရပ္မ်က္ႏွာ အေနအထားအရ သုံးသပ္ၾကည့္မယ္ ဆိုပါက မေတာ္တဆ ျဖစ္စဥ္ လို႔ ေျပာရခက္ေနပါတယ္။ စစ္ေခါင္းေဆာင္ေတြက တ႐ုတ္ႏိုင္ငံထဲ လက္နက္ႀကီးေတြ ပစ္ခတ္ၿပီး ေခါင္းမာမာနဲ႔ ပဋိပကၡ မီးေတာက္ ပိုႀကီး က်ယ္ျပန႔္လာေအာင္ ႀကံစည္ေနတဲ့ လကၡဏာလို႔ ဆိုရမွာပါ။
မေန႔ ဇန္နဝါရီလ ၃ ရက္ေန႔ စစ္တပ္ရဲ႕ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ယူနန္ျပည္နယ္မွာ ျပည္သူ အနည္းဆုံး ၅ ဦးထက္မနည္း ျပင္းျပင္းထန္ထန္ ဒဏ္ရာရရွိသြားခဲ့တာလည္းျဖစ္ပါတယ္။
ဓာတ္ပုံ- ယမန္ေန႔ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္သို႔ စစ္တပ္၏ လက္နက္ႀကီး က်ည္က်ေရာက္ေပါက္ကြဲၿပီး တ႐ုတ္ႏိုင္ငံသားတစ္ဦး အျပင္းအထန္ဒဏ္ရာ ရရွိထားစဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *