မကြာမီရုပ်လုံးပေါ်လာတော့မည့်အလှူကြီးတစ်ခု

စစ်အင်အားရာပေါင်းများစွာ စုစည်းထားသော လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)က လက်နက်ချပြီး လိုရာခရီးသွားခွင့်တောင်း၊ လောက်ကိုင်မြို့တစ်ခုလုံးကို MNDAA က အပြီးသတ်သိမ်းပိုက်

■ စစ်ကောင်စီက လောက်ကိုင်ဒကစတွင် သံချပ်ကာနှင့်တင့်ကားများ၊ အတွဲလိုက်ဒုံးပစ်ကားများ၊ ဟောင်ဝစ်ဇာအမြောက်များ အပါအဝင် လက်နက်နှင့်ခဲယမ်းများစွာ ခုခံစစ်အတွက် ဖြည့်တင်းထားခဲ့

ဇန်နဝါရီ ၅ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ စစ်တပ် အင်အားရာပေါင်းများစွာ စုစည်းထားသော လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) သည် ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်းတွင် ကိုးကန့် MNDAA ထံတွင် လက်နက်ချ အညံ့ခံလိုက်ပြီး လိုရာခရီးသွားခွင့်ပြုတောင်းလိုက်သဖြင့် လောက်ကိုင်မြို့နယ်တစ်ခုလုံးကို ကိုးကန့်MNDAA က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း နေပြည် တော် စစ်တပ်သတင်းရင်းမြစ်၊ တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။

“လောက်ကိုင်ဒကစ စစ်သည်၊ မိသားစုတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ ဆုတ်ခွာလာမယ်ဆိုတဲ့ သတင်းရထားပါပြီ။ အနီးစပ်ဆုံး တိုင်းစစ်ဌာနချုပ်ရှိတဲ့နေရာဆိုတော့ လားရှိုးဖြစ်ဖို့များပါတယ်။ ဆုတ်ခွာမယ့် လူအင်အားက ဌာနဆိုင်ရာ ဝန်ထမ်းတွေ ၊ မိသားစုတွေ၊ စစ်သည် အရာရှိတွေပါဆိုရင် အင်အား ရာချီ( ၁၀၀၀ နီးပါး) ရှိမယ်။ ညှိတာကတော့ တိုင်းစစ်ဌာနချုပ်ဆီက ခွင့်ပြုချက်ပေးတယ်လို့ သိရတယ်။ဘယ်လိုဖြစ်ကြလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

လောက်ကိုင်ဒကစတွင် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မ ၅၅ မှ စစ်ကူပို့ထားသော တပ်ဖွဲ့ဝင်များ၊ စကခ ၁၂ ၊ စကခ ၁၆ ၊ စကခ ၁၄ မှ တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံ ဖြင့် ခုခံစစ် ပြင်ရန် စစ်ကောင်စီက ပြင်ဆင်ခဲ့သော်လည်း လက်တွေ့ နောက်ဆုံးတွင် အားလုံး လက်နက်ချ အညံ့ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

“တရုတ်လူမှုကွန်ရက်တွေမှာ တက်လာတဲ့ ဗီဒီယိုတွေအရတော့ အကုန်လက်နက်ချတာ။ MNDAA ဆီမှာ လက်နက်တွေ အပ်ပြီး စစ်ကားတွေ၊ ထရပ်ကားတွေနဲ့ ရွှေ့ပြောင်းပေးဖို့ ပြင်တာတွေကို တွေ့ရတယ်။ လောက်ကိုင်ဒကစ ဆိုတာတော့ သေချာပါတယ်” ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက MNDAA ပြောခွင့်ရ လီကျားဝင်းထံသို့ လောက်ကိုင်ဒကစကို သိမ်းပိုက်ရရှိခြင်း ရှိ၊ မရှိ၊ လောက်ကိုင်ဒကစမှ စစ်သည်နှင့်အရာရှိများ လက်နက်ချ အညံ့ခံမှု အခြေအနေများနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန် ဖြေဆိုခြင်းမရှိသေးပေ။

လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)မှ သတင်းရင်းမြစ်တစ်ခုက လောက်ကိုင် ဒကစ တွင် သံချပ်ကာနှင့် တင့်ကားများ၊ ၁၂၀ မမ၊ ၁၀၅ မမ ၊ ဟောင်ဝစ်ဇာ အမြောက်များ၊ အတွဲလိုက်ဒုံးပစ်ကားများ၊ လက်နက်ခဲယမ်းများကိုခုခံစစ်အတွက် အပြည့်အစုံ ဖြည့်တင်း ထားရှိထားကြောင်း၊ လောက်ကိုင်ဒကစ အညံ့ခံသည်ဆိုပါက MNDAA အနေဖြင့် လက်နက်ခဲယမ်းများ အလွန်မြောက်များစွာ သိမ်းပိုက်ရရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။

“လောက်ကိုင် ဒကစ ခုခံစစ်အတွက် ရမခကနေ လက်နက်ကြီးတွေ၊ ခဲယမ်းတွေ၊ ရိက္ခာတွေ ရဟတ်ယာဉ်တွေနဲ့ နေ့တိုင်း ဖြည့်တင်းထားတာ။ တကယ်လို့သာ လောက်ကိုင် ဒကစက အညံ့ခံတယ်ဆိုရင်ဆုံးရှုံးမယ့် လက်နက်ခဲယမ်းနဲ့ အမြှောက်တွေက အတော်ကိုများတယ်” ဟု ရမခ သတင်းရင်းမြစ်က ဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် လောက်ကိုင် ဒကစကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ္အင္အားရာေပါင္းမ်ားစြာ စုစည္းထားေသာ ေလာက္ကိုင္ေဒသကြပ္ကဲမႈ စစ္ဌာနခ်ဳပ္ (ဒကစ)က လက္နက္ခ်ၿပီး လိုရာခရီးသြားခြင့္ေတာင္း၊ ေလာက္ကိုင္ၿမိဳ႕တစ္ခုလုံးကို MNDAA က အၿပီးသတ္သိမ္းပိုက္
■ စစ္ေကာင္စီက ေလာက္ကိုင္ဒကစတြင္ သံခ်ပ္ကာႏွင့္တင့္ကားမ်ား၊ အတြဲလိုက္ဒုံးပစ္ကားမ်ား၊ ေဟာင္ဝစ္ဇာအေျမာက္မ်ား အပါအဝင္ လက္နက္ႏွင့္ခဲယမ္းမ်ားစြာ ခုခံစစ္အတြက္ ျဖည့္တင္းထားခဲ့
ဇန္နဝါရီ ၅ ရက္
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေလာက္ကိုင္ၿမိဳ႕ရွိ စစ္တပ္ အင္အားရာေပါင္းမ်ားစြာ စုစည္းထားေသာ ေလာက္ကိုင္ေဒသကြပ္ကဲမႈ စစ္ဌာနခ်ဳပ္(ဒကစ) သည္ ဇန္နဝါရီလ ၄ ရက္ေန႔ ညပိုင္းတြင္ ကိုးကန႔္ MNDAA ထံတြင္ လက္နက္ခ် အညံ့ခံလိုက္ၿပီး လိုရာခရီးသြားခြင့္ျပဳေတာင္းလိုက္သျဖင့္ ေလာက္ကိုင္ၿမိဳ႕နယ္တစ္ခုလုံးကို ကိုးကန႔္MNDAA က သိမ္းပိုက္ရရွိၿပီျဖစ္ေၾကာင္း ေနျပည္ ေတာ္ စစ္တပ္သတင္းရင္းျမစ္၊ တ႐ုတ္-ျမန္မာနယ္စပ္ စစ္ေရး သတင္းရင္းျမစ္မ်ားက အတည္ျပဳ ေျပာဆိုသည္။
“ေလာက္ကိုင္ဒကစ စစ္သည္၊ မိသားစုေတြ၊ ဌာနဆိုင္ရာဝန္ထမ္းေတြ ဆုတ္ခြာလာမယ္ဆိုတဲ့ သတင္းရထားပါၿပီ။ အနီးစပ္ဆုံး တိုင္းစစ္ဌာနခ်ဳပ္ရွိတဲ့ေနရာဆိုေတာ့ လားရႈိးျဖစ္ဖို႔မ်ားပါတယ္။ ဆုတ္ခြာမယ့္ လူအင္အားက ဌာနဆိုင္ရာ ဝန္ထမ္းေတြ ၊ မိသားစုေတြ၊ စစ္သည္ အရာရွိေတြပါဆိုရင္ အင္အား ရာခ်ီ( ၁၀၀၀ နီးပါး) ရွိမယ္။ ညႇိတာကေတာ့ တိုင္းစစ္ဌာနခ်ဳပ္ဆီက ခြင့္ျပဳခ်က္ေပးတယ္လို႔ သိရတယ္။ဘယ္လိုျဖစ္ၾကလဲဆိုတာေတာ့ အေသးစိတ္ မသိရေသးဘူး” ဟု ေနျပည္ေတာ္စစ္ဘက္သတင္းရင္းျမစ္တစ္ခုက ေျပာဆိုသည္။
ေလာက္ကိုင္ဒကစတြင္ ကိုးကန႔္အုပ္ခ်ဳပ္ေရးအဖြဲ႕မွ ဌာနဆိုင္ရာ ဝန္ထမ္းမ်ား၊ မိသားစုဝင္မ်ား၊ ျပည္သူ႔စစ္အဖြဲ႕မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ တပ္မ ၅၅ မွ စစ္ကူပို႔ထားေသာ တပ္ဖြဲ႕ဝင္မ်ား၊ စကခ ၁၂ ၊ စကခ ၁၆ ၊ စကခ ၁၄ မွ တပ္ဖြဲ႕ဝင္မ်ား လက္နက္အျပည့္အစုံ ျဖင့္ ခုခံစစ္ ျပင္ရန္ စစ္ေကာင္စီက ျပင္ဆင္ခဲ့ေသာ္လည္း လက္ေတြ႕ ေနာက္ဆုံးတြင္ အားလုံး လက္နက္ခ် အညံ့ခံျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“တ႐ုတ္လူမႈကြန္ရက္ေတြမွာ တက္လာတဲ့ ဗီဒီယိုေတြအရေတာ့ အကုန္လက္နက္ခ်တာ။ MNDAA ဆီမွာ လက္နက္ေတြ အပ္ၿပီး စစ္ကားေတြ၊ ထရပ္ကားေတြနဲ႔ ေ႐ႊ႕ေျပာင္းေပးဖို႔ ျပင္တာေတြကို ေတြ႕ရတယ္။ ေလာက္ကိုင္ဒကစ ဆိုတာေတာ့ ေသခ်ာပါတယ္” ဟု တ႐ုတ္-ျမန္မာနယ္စပ္ စစ္ေရး သတင္းရင္းျမစ္က ဆိုသည္။
ရန္ကုန္ေခတ္သစ္သတင္းဌာနက MNDAA ေျပာခြင့္ရ လီက်ားဝင္းထံသို႔ ေလာက္ကိုင္ဒကစကို သိမ္းပိုက္ရရွိျခင္း ရွိ၊ မရွိ၊ ေလာက္ကိုင္ဒကစမွ စစ္သည္ႏွင့္အရာရွိမ်ား လက္နက္ခ် အညံ့ခံမႈ အေျခအေနမ်ားႏွင့္ပတ္သက္ၿပီး ဆက္သြယ္ေမးျမန္းေသာ္လည္း တုံ႔ျပန္ ေျဖဆိုျခင္းမရွိေသးေပ။
လားရႈိးရွိ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္(ရမခ)မွ သတင္းရင္းျမစ္တစ္ခုက ေလာက္ကိုင္ ဒကစ တြင္ သံခ်ပ္ကာႏွင့္ တင့္ကားမ်ား၊ ၁၂၀ မမ၊ ၁၀၅ မမ ၊ ေဟာင္ဝစ္ဇာ အေျမာက္မ်ား၊ အတြဲလိုက္ဒုံးပစ္ကားမ်ား၊ လက္နက္ခဲယမ္းမ်ားကိုခုခံစစ္အတြက္ အျပည့္အစုံ ျဖည့္တင္း ထားရွိထားေၾကာင္း၊ ေလာက္ကိုင္ဒကစ အညံ့ခံသည္ဆိုပါက MNDAA အေနျဖင့္ လက္နက္ခဲယမ္းမ်ား အလြန္ေျမာက္မ်ားစြာ သိမ္းပိုက္ရရွိမည္ျဖစ္ေၾကာင္း ေျပာဆိုသည္။
“ေလာက္ကိုင္ ဒကစ ခုခံစစ္အတြက္ ရမခကေန လက္နက္ႀကီးေတြ၊ ခဲယမ္းေတြ၊ ရိကၡာေတြ ရဟတ္ယာဥ္ေတြနဲ႔ ေန႔တိုင္း ျဖည့္တင္းထားတာ။ တကယ္လို႔သာ ေလာက္ကိုင္ ဒကစက အညံ့ခံတယ္ဆိုရင္ဆုံးရႈံးမယ့္ လက္နက္ခဲယမ္းနဲ႔ အေျမႇာက္ေတြက အေတာ္ကိုမ်ားတယ္” ဟု ရမခ သတင္းရင္းျမစ္က ဆိုသည္။
ဇန္နဝါရီလ ၃ ရက္ေန႔ ညပိုင္း ေျမာက္ပိုင္း ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေလာက္ကိုင္ ဒကစကို အၿပီးသတ္ သိမ္းပိုက္ႏိုင္ေရး ႀကိဳးပမ္းလ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *