ကျောက်တော်နှင့် မြောက်ဦးတွင် ကြမ်းနေပြီ

လင်းမြွေတောင်မှ ဆင်းလာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းကို AA က ကြားဖြတ် တိုက်ခိုက်၊ ကျောက်တော်နှင့် မြောက်ဦးတွင် တိုက်ပွဲပြင်းထန်နေ

ရန်ကုန်| ဇန်နဝါရီ ၁၂ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လင်းမြွေတောင်မှ ဆင်းလာသည့် အင်းအား ၁၀၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းကို ရက္ခိုင့်တပ်တော် AA က ယနေ့ ဇန်န ဝါရီ ၁၂ ရက်နေ့ ၁၂ နာရီခန့်တွင် ကြားဖြတ် တိုက်ခိုက်မှုကြောင့် နှစ်ဖက် တိုက် ပွဲ များ ပြင်းထန်လျက် ရှိကြောင်း သိရှိရသည်။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင် ကျောက် တော်ရှိ အခြားတပ်များနှင့်သွားရောက်ပူးပေါင်းစဉ်တွင် ရက္ခိုင့်တပ် တော် AA က ကြားဖြတ် ဝင်ရောက် တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျက်မြင် AA သတင်းရင်းမြစ်တစ်ဦးက “ဒီကနေ့ မနက်က လင်းမြွေတောင် ဖက်ကနေ စစ်ကောင်စီတပ်သား ၁၀၀ လောက်ရှိမယ်။ ဆင်းလာကြတယ်။ ကျောက်တော်တပ်မဖက်ကို သွားပူးပေါင်းတယ်လို့ သိရတယ်။ ကျောက်တော် မြို့နယ် လိပ်မကျေးရွာနား ၉၉တောင်တန်းမှာ AA က ကြားဖြတ် ဝင်တိုက်တာ။ တိုက်ပွဲ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေကြတယ်”ဟုပြောသည်။

ကျောက်တော်မြို့နယ်ရှိ ကျားနင်းကန်၊ လိပ်မ၊ သရက်တပင် ကံချေပြင် ကျေးရွာအနီးနားမှာ တိုက်ပွဲများဖြစ်နေကြခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းနှစ်ဖက် သေဆုံး၊ ထိခိုက်မှု အခြေအနေအား မသိရသေးကြောင်း သတင်းရင်းမြစ်က ဆက်လက်ပြောသည်။

အဆိုပါ လင်းမြွေတောင်စခန်းမှာ မြောက်ဦး မြောက်ဘက်ရှိ စစ်ကောင်စီတပ် အခြေချစခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့်သည် စခန်းမှ တပ်ဆုတ်ပြီးနောက် ရက္ခိုင့်တပ်တော် AA က ကြားဖြတ် တိုက်ခိုက် ခြင်းဖြစ်သည်။

၎င်းက ဆက်လက်၍ “သူတို့ (စစ်ကောင်စီတပ်သားများ) ဒီကနေ့ မနက်ပိုင်းက အောက်ကို ဆင်းလားတယ်။ ကျောက်တော် တပ်မကို သွားပူးပေါင်းတယ်လို့ သိရတယ်။ AA က ဖြတ်တိုက်အချိန်မှာ တပ်မ ၉ ကနေ လက်နက်ကြီးတွေ ပစ်တယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်”ဟုပြောသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း မင်းပြားရှိ စစ်ကောင်စီတပ်ရင်းများကို ရက္ခိုင့် တပ်တော်မှ ဝင်ရောက်တိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း မင်းပြားသို့တက်လာသည့် စစ်ကောင်စီ ဇက်ရေယာဥ် ၂ စီးကို AA က တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

ထို့ပြင် ရခိုင်ပြည် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်လျှက်ရှိနေပြီး နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံရမှု ရှိနေကြာင်း ဒေသခံများက ပြောသည်။၊

ရက္ခိုင့်တပ်တော်မှ မြောက်ဦးရှိ စစ်ကောင်စီ၏ ၅၄၀ တပ်ရင်းကို ဇန်နဝါရီ ၁၀ ရက် ညဉ့်အချိန်ကစ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲများ စတင် ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိ မြောက်ဦးမြို့တိုက်ပွဲ အခြေနေနှင့်ပတ်သက်၍ မြို့ခံတစ်ဦးက “တိုက်ပွဲ စဖြစ်ကတည်းက တောက်လျှောက်မနားသေးဘူး။ လက်နက်ငယ်ရော လက် နက် ကြီးသံတွေရော ဆက်တိုက်ကြားနေရတယ်။ မနေ့ညကလည်း တစ်ညလုံး ဒီနေ့လည်တစ်မနက်လုံး ဖြစ်နေကြတုန်းပဲ” ဟုပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် မြောက်ဦးတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ဆက်တိုက်ပစ်နေရာ ဇန်နဝါရီ ၁၀ ရက်နေ့က ဝါစျေးရပ်ကွက်ရှိ လူနေအိမ် အချို့တွင်ကျ၍ မီးလောင်ကျွမ်းမှုလည်းရှိခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းများကလည်း အရပ်သားများ သတ်ဖြတ်ခံရမှုများ ရှိခဲ့သည်။

မြောက်ဦးအပြင် ကျောက်တော် ကန်ဇောက်တောင်ဖက်တွက်လည်း ဇန်နဝါရီ ၁၀ ရက်နေ့မှစ၍ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန် လျက်ရှိနေပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ် ခတ်လျက်ရှိနေသည်ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

“ကန်ဇောက်တောင်ဖက်မှ တိုက်ပွဲဖြစ်နေကြတယ်။ အဲ့ဖက်တောင်တန်းကနေ လက်နက်ကြီးတွေနဲ့ နေ့ရောညရောမနားတမ်း ပစ်နေတယ်။ ကန်ဇောက်နဲ့ တတန်းတည်းရှိတဲ့ ဦးစွန်းတောင်ကနေ ပစ်နေတာ” ဟုပြောသည်။

စစ်ကောင်စီမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေမှုကြောင့် အနီး အနားကျေးရွာများ အခြေနေကိုသိရှိနိုင်ရန် ဆက်သွယ်ရာ ဆက်သွယ် ရေး ဖုန်းလိုင်းများပြတ်တောက်နေ၍ ဆက်သွယ်၍မရရှိခဲ့ပေ။

ဦးစွန်းတောင်ပေါ်တပ်စွဲနေသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း အပေါက်ဝမှ ကျေးရွာသား ၂ ဦးသေဆုံးမှုရှိခဲ့သည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း မင်းပြားရှိ စစ်ကောင်စီတပ်ရင်းများကို ရက္ခိုင့်တပ်တော်မှ ဝင်ရောက်တိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း မင်းပြားသို့တက်လာသည့် စစ်ကောင်စီ ဇက်ရေယာဥ် ၂ စီးကို AA မှ တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သေးသည်။

AA နှင့် စစ်ကောင်စီတပ်တို့၏ ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲမှာ ရခိုင်တပြည်နယ်လုံး အတိုင်းတာအနေဖြင့် တိုက်ပွဲများဖြစ်ပွားလျှက်ရှိနေပြီး မြို့တွင်း တိုက်ပွဲဖြစ်ပွားမှုများကာ ရက္ခိုင့်တပ်တော်ဖက်မှ စစ်ကောင်စီတပ်၏ တပ်စခန်းများ၊ ဗျူဟာကုန်းများကို အဓိကထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေခြင်းဖြစ်သည်။

ဓာတ်ပုံ- ရခိုင်တွင် ၂၀၂၃ ခုနှစ်အတွင်း မိုင်းဆွဲခံထားရသည့် စစ်ကောင်စီ စစ်ကား များအား တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *