ဘဘကတောပြောတောင်ပြောနဲ့AAကအုပ်လိုက်ပြန်ပြီ

ရခိုင်ပြည် တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ရင်း စစ်ရေး အတွေ့အကြုံ ယူနေဟု ယောကာကွယ်ရေးတပ် – YDF ထုတ်ပြန်

ကျောက်တော် တောင်ရှည်တောင်ဗျူဟာ စခန်းသိမ်း တိုက်ပွဲမှာ YDF ရဲဘော်တွေ အစအဆုံး တက်ကြွစွာ ပါဝင်ခဲ့

ဇန်နဝါရီ – ၁၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်အုပ်စုရဲ့ တောင်ရှည်တောင် ဗျူဟာ စခန်းသိမ်း တိုက်ပွဲမှာ မဟာမိတ် တပ်တွေနဲ့အတူ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပြီး စစ်ရေး အတွေ့အကြုံ ယူနေတယ်လို့ ယောကာကွယ်ရေးတပ် – YDF က သတင်း ထုတ်ပြန်ပါတယ်။

“ဒီဇင်ဘာလ ဒုတိယအပတ်တွင် ‌ရက္ခိုင်ပြည်၊ ကျောက်တော်မြိုနယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းအား ယောကာကွယ်ရေးတပ် – YDF သည် မဟာမိတ်တပ်များနှင့်အတူ စစ်ရေး အတွေ့အကြုံယူရင်း ရဲရင့်တက်ကြွစွာ ပူးပေါင်း ပါဝင်၍ တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။ ဤကဲ့သို့ စစ်ရေး အတွေ့အကြုံနှင့် တိုက်ပွဲဝင်ခွင့် ပေးသော ရက္ခိုင့်တပ်တော်ကို YDF မှ ကျေးဇူးများစွာ တင်ရှိပါသည်။ တောင်ရှည်တောင် ဗျူဟာကုန်းသိမ်း တိုက်ပွဲသည် ကာလအားဖြင့် သုံးပတ်ကြာမြင့်ပြီး ၂၀၂၄ ဇန်နဝါရီ(၆) ရက်တွင် တောင်ရှည်တောင် ဗျူဟာစခန်းအား ရက္ခိုင့်တပ်တော် မှ အပြီးသတ် သိမ်းပိုက်ခဲ့ရာတွင် YDF တပ်ဖွဲ့မှ ဗျူဟာကုန်း တစ်ခုလုံးအား သိမ်းပိုက် လိုက်သည့် အချိန်အထိ တက်ကြွစွာ ပါဝင်ခဲ့သည်” လို့ ယောကာကွယ်ရေးတပ် – YDF သတင်း ပြန်ကြားရေး ဌာနက ထုတ်ပြန်ပါတယ်။

ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းသိမ်း တိုက်ပွဲမှာ မိတ်ဖက်အဖွဲ့အစည်းတွေ ပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် – AA ကလည်း ဇန်နဝါရီ(၈)ရက်မှာ ထုတ်ပြန်ထားပါတယ်။

“တောင်ရှည်တောင် ဗျူဟာစခန်းသိမ်း တိုက်ပွဲအတွင်း မိမိတို့နှင့်အတူ မိတ်ဖက် အဖွဲအစည်း အချိုမှ ရဲဘော်များလည်း စစ်ရေး အတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြသည်” လို့ AA က အသိအမှတ်ပြု ဖော်ပြထားပါတယ်။

အဲ့ဒီ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းသိမ်း တိုက်ပွဲမှာ စစ်အုပ်စု အင်အား (၂၀၀)လောက် (စခန်းတစ်ခုလုံး)ဟာ ရက္ခိုင့်တပ်တော် – AA ထံ လက်နက်ချ အညံ့ခံခဲ့တာ ဖြစ်ပြီး ဗျူဟာကုန်းသိမ်း တိုက်ပွဲကနေ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

ယောကာကွယ်ရေးတပ် – YDF ကို ၂၀၂၁ မေ(၁၂)ရက်မှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး လက်ရှိအချိန်ထိ မည်သည့် အဖွဲ့အစည်းရဲ့ လက်အောက်မှာမှ မရှိဘဲ သီးခြား ရပ်တည်နေတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း YDF က ထုတ်ပြန်ပါတယ်။

“ယောကာကွယ်ရေးတပ် – YDF သည် ယောပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရန်နှင့် မြန်မာတပြည်လုံး စစ်ကျွန်ဘဝမှ လွတ်မြောက်ရန် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်၊ မေလ (၁၂) ရက်တွင် ယောဒေသခံ လူငယ်များမှ ဦးဆောင်၍ ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး မည်သည့်အဖွဲအစည်း၏ လက်အောက်ခံ မဟုတ်ဘဲ ခိုင်မာသော တော်လှန်ရေး စိတ်ဓာတ်အပြည့်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ စတင်ဖွဲ့စည်းသည့် အချိန်မှစ၍ ယောကာကွယ်ရေးတပ်၏ ပြည်သူလူထုအပေါ် သစ္စာရှိမှု၊ ရိုးသားမှု၊ အများပြည်သူများ၏ လိုအပ်ချက်များကို ကူညီပေးမှု၊ ပြည်သူများကို စောင့်ရှောက်ပေးမှုများကြောင့် ပြည်သူများမှ ယုံကြည်ကိုးစားမှုများနှင့် ထောက်ခံမှုများကို တစနှင့်တစ ရရှိလာခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီ အကြမ်းဖက် စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ဖြင့် အမြစ်ပြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေမှုကို ပြည်သူလူထုကြီးမှလည်း အားပေးထောက်ခံ လာခဲ့သောကြောင့် တော်လှန်ရေးသက်တမ်း နှစ်နှစ်ကျော် ကြာလာသည့်တိုင် အခင်အခဲမျိုးစုံကြားထဲတွင် ခိုင်မာစွာဖြင့် ရပ်တည်နိုင်ခဲ့ပါသည်” လို့ YDF က ထုတ်ပြန်ပါတယ်။

YDF အနေနဲ့ မြောက်ပိုင်း ညီနောင် သုံးဖွဲ့ကို နမူနာကို မဟာမိတ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ စစ်အုပ်စုကို ဆက်လက် တိုက်ခိုက် နေတယ်လို့လည်း ဆိုပါတယ်။

“လက်ရှိတွင် ယောကာကွယ်ရေးတပ် – YDF တဖွဲ့တည်း တိုက်ခိုက်နေခြင်းထက် လက်နက်အင်အား သာလွန်ပြီး အင်အားကြီးမားသည့် ဘုံရန်သူ အကြမ်းဖက် စစ်အုပ်စုကို တိုက်ခိုက်ရာတွင် တော်လှန်ရေး အဖွဲ့အစည်းများ အချင်းချင်း သွေးစည်းညီညွတ်စွာဖြင့် ပူးပေါင်း တိုက်ခိုက်ကြပါက အောင်ပွဲသည် အချိန်တိုတိုအတွင်း ရရှိနိုင်သည် ဟူသော မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်တို့ကို စံနမူနာယူပြီး မဟာမိတ် အဖွဲ့အစည်းများနှင့်အတူ အကြမ်းဖက် စစ်ကောင်စီကို နေရာဒေသမရွေး ပူးတွဲ စစ်ဆင်ရေးများ ထိရောက် အောင်မြင်စွာ လုပ်ဆောင်လျက် ရှိပါသည်” လို့လည်း YDF က ဆိုပါတယ်။

ညီနောင်သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းမြောက်က စစ်အုပ်စု စခန်းတွေ၊ မြို့တွေကို ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ရာမှာလည်း ညီနောင်သုံးဖွဲ့နဲ့အတူ PLA – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ BPLA – ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစု – KNDF၊ MDY-PDF – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA စတဲ့ တပ်ဖွဲ့တွေလည်း ပူးပေါင်း ပါဝင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကျောက်တော်မြို့နယ် တောင်ရှည်တောင် စစ်အုပ်စု ဗျူဟာစခန်းသိမ်း တိုက်ပွဲက သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – AA

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *