နင်ဥာဏ်ကောင်းလွန်းခဲ့တယ်

ကလေးမြို့နယ်တွင် ပျူစောထီး ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး CDF-KKG ထံ အလင်းဝင်၊ ငွေကျပ် သိန်း ၂၀ ချီးမြှင့် ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ပျူစောထီးရွာမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ခဲ့ကြောင်း CDF – KKG ထံမှ သိရသည်။ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် နေ့က ကလေးမြို့နယ်၊ ပျူစောထီးကျေးရွာမှ ပျူစောထီးတစ်ဦးသည် ကာဘိုင် သေနတ်တစ်လက်၊ ကျည် အတောင့် ၁၇၀ နှင့်အတူ CDF – KKG ထံ သို့ ဆက်သွယ်ကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ထို့သို့လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ခဲ့သော ပျစောထီးကို CDF – KKG မှ ဆုကြေးငွေ ကျပ် သိန်း ၂၀ ချီးမြှင့်ခဲ့ပြီး လွတ် မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *