အီးပီစီမွှင်းခါး၇ပွဲအဝဆွဲ

မိုးမိတ်မြို့နယ်၊ အုန်းချောရွာသစ် ရေအားလျှပ်စစ်ခွဲရုံရှိ စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး၊ မန်ဖွယ်ရွာဟောင်းစေတီကုန်းအနီးတွင်လည်း တိုက်ပွဲဖြစ်ပွား ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ အုန်းချောရွာသစ် ရေအားလျှပ်စစ်ခွဲရုံစောင့် စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်း ထံမှ သိရသည်။ဇန်နဝါရီလ ၁၁ ရက် ညနေ ၅ နာရီ မိနစ် ၄၀ခ န့်က မိုးမိတ်မြို့နယ်၊ အုန်းချောရွာသစ်ရှိ ရေအားလျှပ် စစ်ခွဲရုံစောင့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ည ၉ နာရီ မိနစ် ၂၀ အချိန်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိပြီး ၅ ဦးမှာ ထွက်ပြေးသွားကြောင်း သိရ သည်။အဆိုပါ တိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော် (K.I.A) အမှတ် ၃၄ တပ်ရင်း၊ ရှမ်းမြောက် (A.B.S.D.F) ကျောင်းသားတပ်မတော် နှင့် အမှတ် ၃၄ K – PDF တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ မိုးမိတ်ခရိုင် ၊ မိုးမိတ်မြို့နယ် ၊ မန်ဖွယ်ရွာဟောင်း စေတီကုန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းထံမှ သိရသည်။ဇန်နဝါရီလ ၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်မှ ၁၀ နာရီခန့်အထိ မိုးမိတ်မြို့နယ်၊မန်ဖွယ်ရွာဟောင်း စေတီကုန်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ မိုးမိတ်ဗျူဟာ လက်အောက်ခံ ခလရ ၂၂၃ တပ်ဖွဲ့ နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံး ဒဏ် ရာ ရရှိပြီး လေကြောင်းပစ်ကူ ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ကချင်လွတ်‌မြောက်ရေးတပ်မတော် (K.I.A) အမှတ် ၃၄ တပ်ရင်း၊ ရှမ်းမြောက် (A.B.S.D.F) ကျောင်းသားတပ်မတော် နှင့် အမှတ် ၃၄ K – PDF တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *