နမ့်ဖက်ကာမှာ KIAက စကစ၏လေယာဥ်ကို ထပ်မံပစ်ချဟု သတင်းထွက်

နမ့်ဖက်ကာမှာ KIAက စစ်ကောင်စီ၏လေယာဥ်ကို ထပ်မံပစ်ချဟု သတင်းထွက်

အဂမ်

(မဇ္ဈိမ) ။ ။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မှာလည်း စစ်ကောင်စီ၏ လေယာဥ်တစီးကို ထပ်မံပစ်ချလိုက်ကြောင်း သတင်းများထွက်ပေါ်လာသည်။

ကေအိုင်အေက နမ့်ဖက်ကာမှာ စစ်ကောင်စီ၏ FTC 2000G အမျိုးအစား ဂျက်ဖိုက်တာတိုက်ခိုက်ရေး လေယာဥ်တစီးကို ယနေ့မှာလည်း ထပ်မံပစ်ချလိုက်တယ်လို့ ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန်ပြုလုပ်နေသည့် နမ့်ဖက်ကာမှာ ယနေ့ နေ့လယ်ပိုင်းလောက်က ကေအိုင်အေတပ်ဖွဲ့ဝင်များက အခုလို ပစ်ချလိုက်တာဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်များက ကနဦး ပြောသည်။

မနေ့ကလို ဂျက်ဖိုက်တာလေယာဥ်ပဲ ဟုတ်တယ်။ ပစ်ချလိုက်တာကလည်း မနေ့ကအဖွဲ့ကပဲ ဟုတ်တယ်” ဟု ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ် တဦးက အခုလို ပြောသည်။

ယနေ့ ထပ်မံ လေယာဥ်ပစ်ချလိုက်သည်ဆိုသည့် သတင်းနှင့်ပက်သက်ပြီး မဇ္ဓျိမ၏မြေပြင်သတင်းအဖွဲ့က ကေအိုင်အိုဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်လ်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပေမယ့် တစုံတရာပြန်လည်ဖြေကြားမှတ်ချက်ပေးထားခြင်းတော့မရှိသေးပေ။

ကွတ်ခိုင်မြို့နယ်အတွင်း လက်ရှိအချိန်တွင် ဖုန်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေတာကြောင့် စစ်ပွဲသတင်းများကို တိုက်ရိုက်ဆက်သွယ် မေးမြန်းဖို့ ခက်ခဲနေသေးသည့်အတွက် မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က လေယာဥ်ပစ်ချသည့် သတင်းနောက်ဆက်တွဲကိုလည်း ထပ်မံစုံစမ်းဆက်သွယ်နေဆဲ ဖြစ်သည်။

နမ့္ဖက္ကာမွာ KIAက စစ္ေကာင္စီ၏ေလယာဥ္ကို ထပ္မံပစ္ခ်ဟု သတင္းထြက္
အဂမ္
(မဇၩိမ) ။ ။ ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA)က ဒီကေန႔မွာလည္း စစ္ေကာင္စီ၏ ေလယာဥ္တစီးကို ထပ္မံပစ္ခ်လိုက္ေၾကာင္း သတင္းမ်ားထြက္ေပၚလာသည္။
ေကအိုင္ေအက နမ့္ဖက္ကာမွာ စစ္ေကာင္စီ၏ FTC 2000G အမ်ိဳးအစား ဂ်က္ဖိုက္တာတိုက္ခိုက္ေရး ေလယာဥ္တစီးကို ယေန႔မွာလည္း ထပ္မံပစ္ခ်လိုက္တယ္လို႔ ေကအိုင္ေအေရွ႕တန္း သတင္းရင္းျမစ္မ်ားက ဆိုသည္။
စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္မႈမ်ားကို ျပင္းျပင္းထန္ထန္ျပဳလုပ္ေနသည့္ နမ့္ဖက္ကာမွာ ယေန႔ ေန႔လယ္ပိုင္းေလာက္က ေကအိုင္ေအတပ္ဖြဲ႕ဝင္မ်ားက အခုလို ပစ္ခ်လိုက္တာျဖစ္တယ္လို႔ ေရွ႕တန္းသတင္းရင္းျမစ္မ်ားက ကနဦး ေျပာသည္။
မေန႔ကလို ဂ်က္ဖိုက္တာေလယာဥ္ပဲ ဟုတ္တယ္။ ပစ္ခ်လိုက္တာကလည္း မေန႔ကအဖြဲ႕ကပဲ ဟုတ္တယ္” ဟု ေကအိုင္ေအ ေရွ႕တန္းသတင္းရင္းျမစ္ တဦးက အခုလို ေျပာသည္။
ယေန႔ ထပ္မံ ေလယာဥ္ပစ္ခ်လိုက္သည္ဆိုသည့္ သတင္းႏွင့္ပက္သက္ၿပီး မဇၶ်ိမ၏ေျမျပင္သတင္းအဖြဲ႕က ေကအိုင္အိုဗဟို သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္လ္ဘူကို ဆက္သြယ္ေမးျမန္းေနဆဲျဖစ္ေပမယ့္ တစုံတရာျပန္လည္ေျဖၾကားမွတ္ခ်က္ေပးထားျခင္းေတာ့မရွိေသးေပ။
ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း လက္ရွိအခ်ိန္တြင္ ဖုန္း၊ အင္တာနက္လိုင္းမ်ား ျပတ္ေတာက္ေနတာေၾကာင့္ စစ္ပြဲသတင္းမ်ားကို တိုက္႐ိုက္ဆက္သြယ္ ေမးျမန္းဖို႔ ခက္ခဲေနေသးသည့္အတြက္ မဇၶ်ိမ၏ ေျမျပင္သတင္းအဖြဲ႕က ေလယာဥ္ပစ္ခ်သည့္ သတင္းေနာက္ဆက္တြဲကိုလည္း ထပ္မံစုံစမ္းဆက္သြယ္ေနဆဲ ျဖစ္သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *