ခဝေးတွေကတေမှာတော့ကြောက်သား

မြိုင်မြို့နယ်၊ ကိုင်းတောမ ရဲစခန်းကို ၃ ရက်ဆက်တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာရှိ စစ်တပ် ကင်းပုန်းများကို ပစ်ခတ် တိုက်ခိုက်ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် စစ်တပ် တပ်စွဲထားရာနေ စက်တွင်းကို ၃ ရက် ဆက်တိုက်ခိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း Earthquake People’s Defence Force မှ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ဇန်နဝါရီလ ၃၀ ရက် ညနေ ၄ နာရီခန့်နှင့် ည ၈ နာရီအချိန်တို့တွင် မြိုင်မြို့နယ်၊ ကိုင်းတောမဲစခန်း နှင့် စစ်တပ် တပ်စွဲထားသော စက်တွင်းနေရာအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအပြီး ကိုင်းတောမရဲစခန်းနှင့် စက်တွင်းမှ စစ်သားများက ပြည်သူ များနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။အလားတူ ဇန်နဝါရီလ ၃၁ ရက် နံနက် ၅ နာရီခန့်တွင် အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အား ၆၀ မမ လက်နက်ကြီး၊ ၅ လုံးတွဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၆ နာရီခန့်တွင် ကိုင်းတောမရဲစခန်း အရှေ့တောင်ဘက်ရှိ ဘန် ကာအား မီတာ ၁၀၀ ဝန်းကျင်အထိ ချဉ်းကပ်ကာ ၇၉ မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ရဲ တစ်ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။“အင်အားက ၇၀ ၊ ၈၀ လောက်တော့ရှိမယ်၊ အခု ၃ ရက်ဆက်တိုက်လုပ်တဲ့ ပွဲက ဒီအာဏာသိမ်းတာ ၃ နှစ်ပြည့်တဲ့အနေနဲ့ ဒီပွဲကိုဖော်ဆောင်ခဲ့တာပါ၊ မဟမိတ်တွေနဲ့ပူးပေါင်းပြီးတော့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ထုတ်သွားမှာဖြစ်ပါတယ်” ဟု Earthquake People’s Defence Force မှ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။အဆိုပါ တိုက်ခိုက်မှုများကို Pakokku People’s Defence Force(PPDF) ၊ မြိုင်ပကဖ တပ်ရင်း ၁ ခွဲ ၄ စကြာ်တပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း ၂ နှင့်Earthquake People’s Defence Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူရွာ ကင်းပုန်းများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် ည ၇ နာရီခန့်က မုံရွာမြို့နယ်၊ တောပုပျူရွာအတွင်းနှင့် တောပုပျူရွာ အပြင်ဘက်ရှိ ကင်းပုန်းများရှိရာနေရာများကို ရှော့တိုက် ရော့ကက် အလုံး ၂၀ ၊ လက်လုပ် တာဝေး ပစ် ၆၀ မမ ၂၄ လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ တောပုရွာအတွင်းမှ ပျူစောထီးများက ၆၀ မမ၊ လက် နက်ငယ်များဖြင့် ပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များက ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ ကြောင်း သိရသည်။“တောပုရွာအတွင်းရော၊ အပြင်ရော ဝိုင်းဆော်ခဲ့ကြတာ၊ ဘုရားဝင်ပြေးလို့ သက်သာသွားတာ၊ သေမှာ ကတော့ သေချာတယ်၊ သေရင်လည်း အရင်လို အသုဘချတာမျိုးမလုပ်တော့ဘူး၊ ချက်ချင်းဖျောက် ပစ်တာ၊ ကျနော်တို့ လုပ်ထားတဲ့ လက်လုပ် Rocket တစ်လုံးဆိုရင် ပြေးချင်ရာ ပြေးတတ်လွန်းလို့ မသုံးပဲ ထားတဲ့ဟာကို မနေ့ညက ထုတ်သုံးလိုက်တာ ထူးထူးဆန်းဆန်း သူတို့နောက် တန်းတန်း မတ်မတ်ကိုလိုက်သွားတာ၊ ဟာသတွေကို ဖြစ်လို့၊ သေမှာကတော့ သေချာတယ်၊ အတည်မပြုနိုင်လို့ ပြောမရတာ” ဟု Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။အဆိုပါ တိုက်ခိုက်မှုကို Area 71 PDF Monywa အဖွဲ့၊ BRAVE HEART ARMY (BHA) ၊ MONYWA SPECIAL ဒိတ်ဒိတ်ကြဲ ၊ BLACK HERO LOCAL PDF နှင့် Youth Vigor Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင် စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နံနက်ပိုင်းတွင် စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ ထွက်လာသည့် အကြမ်းဖက် စစ်သား အင်အား ၂၀ ခန့်သည် လမ်းတလျှောက် သေနတ်များပစ်ဖောက်ကာ ကူတော်ရွာဘက်သို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *