သတင်းကောင်းပဲ အမှိုက်တွေရှ-င်းသွာတာပဲ

ရွှေဘိုမြို့နယ်၊ ရွာသာရွာက ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနဲ့ ပျူ ၇ ဦးသေဆုံး…

+++++++++++++++++

ဖေဖော်ဝါရီ ၁၃ – ၂၀၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာက ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနဲ့ ပျူ ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ Shwebo Crocodile ပကဖ က ထုတ်ပြန်ပါတယ်။

ရွှေဘိုမြို့နယ် ရွာသာရွာက ပျူ စခန်းကို ဖေဖော်ဝါရီ ၁၃ ရက် မနက်အစော ၁ နာကီ ၁၅ မိနစ်အချိန် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနဲ့ပျူများ အထိနာပြီး စခန်းစွန့်ခွာပြေးသွားတာကြောင့် မနက် ၁၀ နာရီခွဲမှာ စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်သားနဲ့ပျူ ၇ ဦးသေဆုံးပြီး ဒဏ်ရာအများအပြားရရှိသွားသလို ကိုးလုံးပြောင်းချော တစ်လက်၊ အီနာဂါ ဗုံးသီး နှစ်လုံး၊ MA 2 ဗောက်တစ်ခုနဲ့ ယူနီဖောင်းများ သိမ်းဆည်းရမိပြီး သုံးနှစ်တိတိ ပြည်သူနဲ့ တော်လှန်ရေးရဲဘော်များကို ဒုက္ခပေးနေတဲ့ ရွာသာရွာက ပျူစခန်း ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များက ရဲဘော် ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုကို Shwebo Crocodile ပကဖ ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တန (၅) တပ်ပေါင်းစု 96 soldiers -PDF၊ အညာဒေသတပ်ခွဲ၊ တန၊ (၂) တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

+++++++++++++++++
ဖေဖော်ဝါရီ ၁၃ – ၂၀၂၄

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *