အညာသားတွေနည်းပညာလည်းကျွမ်းသား(ရုပ်သံ)

နွားထိုးကြီးမြို့နယ်အတွင်း လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သား တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် စစ်သား ၂ ဉီးသေဆုံး (ရုပ်/သံ)

++++++++++++++++++

ဖေဖော်ဝါရီ ၁၃ ရက် ၂၀၂၄

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်းရှိ ပြင်စီကျေးရွာအနီး လမ်းသွားပြည်သူတွေကို ပိုက်ဆံ တောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဉီးသေဆုံးသွားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း၄ မှ သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြို့နယ် ပြင်စီကျေးရွာ အမြန်လမ်းရဲစခန်းအတွင်း အင်အား ၁၀ ခန့်နဲ့ တပ်စွဲပြီး လမ်းသွားဒေသခံပြည်သူတွေကို ခြိမ်းခြောက် ငွေတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဉီးသေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ညနေ ၃ နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြို့နယ် ကြာပင်အိုင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ပိုင် မိုင်တယ်လ်တာဝါတိုင်အား Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်းမှ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *