အဘရေ ချစ်သူကအဘကိုပြောနေဘီ

စစ်​ကောင်စီက ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်များကို တရုတ်ထံလွှဲ​ပြောင်း​ပေးခဲ့​ခြင်းမှာ မလုပ်သင့်​သောလုပ်ရပ်ဟု ဗိုလ်မှူးကြီး​စောချစ်သူ​ပြောကြား

ဖေဖော်ဝါရီလ ၂၃ ရက်

စစ်အုပ်စု၏ကာလရှည် မဟာမိတ် ကိုးကန့်ဒေသခေါင်းဆောင်းဟောင်းအပါအဝင် ၁၀ ဦးကို တရုတ်နိုင်ငံထံ စစ်ကောင်စီကလွှဲပြောင်းပေးခဲ့ခြင်းအပေါ် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူက ၎င်းတို့သည် မြန်မာနိုင်ငံသားမှန်ကန်ပါက မလွှဲပြောင်းပေးသင့်ကြောင်း ဝေဖန်ထောက်ပြသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ပြည်ခိုင်ဖြိုးအမတ်​ဟောင်းဖြစ်​၊ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်ဖြစ်သော ဦးပယ်ဆောက်ချိန် ၊၎င်း၏သားကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်အပါအဝင် ၁၀ဦးကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့်ဇန်နဝါရီ လကုန်ပိုင်းတွင် တရုတ်နိုင်ငံထံ လွှဲပြောင်းအပ်နှံခဲ့ခြင်းအပေါ် ကရင်BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏အမြင်သဘောထားကို မေးမြန်းခဲ့ရာ “ကျွန်တော်ကတော့ ထူးထူးထွေထွေ ဘာမှ မမြင်ပါဘူး။ ကျွန်တော်တို့ပြောချင်တာက ကိုယ့်ရဲ့နိုင်ငံမှာလည်းတရားဥပဒေရှိပါတယ်။ ကိုယ့်နိုင်ငံသားမှန်ကန်ရင်ဒါကို မလုပ်သင့်ပါဘူး။လုပ်စရာမလိုလောက်ပါဘူး” ဟု ပြောသည်။

တရုတ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)နှင့်ပတ်သက််၍ နိုင်ငံဖြတ်ကျော််ဖမ်းဆီးမှုများ ၊ နှိမ်နင််းမှုများ လုပ်ဆောင်နေရာ အာဏာသိမ်းစစ်ကောင်စီကလည်း တရုတ်အလိုရှိနေသော မြန်မာနိုင်ငံသားများကို တရုတ်ထံ လွှဲပြောင်းပေးအပ်မှုရှိခဲ့သည်။ ထိုအခြေအနေတွင် ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်မှုရှိသည််ဟု စွပ်စွဲခံထားရသော BGF ခေါင််းဆောင်် ဗိုလ်မှူးကြီးစောချစ််သူက ကျားဖြန့်နှင့်ပတ်သက််၍ စိုးရိမ်မှုမရှိကြောင်း တုန့်ပြန်သည်။

BGF အနေဖြင့်ယင်းလိမ်လည်မှုလုပ်ငန်းများကို လုပ်ကိုင်ခြင်းမရှိသကဲ့သို့ တရုတ်နိုင်ငံသား ၃၀၀၀ နီးပါးကိုလည်း တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဗိုလ်မှူးကြီးစောချစ်သူက ဆိုသည်။

“တရုတ်နိုင်ငံသားတွေလည်း အများကြီး မရှိတော့ပါဘူး။

ဆင့်ခေါ်အကြောင်းကြားတာတို့ သိသိချင်း ကျွန်တော်တို့ ပြန်ပို့ပေးတာ လူအားလုံး ၂၀၀၀ကျော် ၃၀၀၀ နီးနီးရှိပါပြီ။ (ကျားဖြန့်ကို) ကျွန်တော်တို့လည်း လက်မခံပါဘူး” ဟု ၎င်းက ဆိုသည်။

သို့သော် ၂၀၂၃ ဒီဇင်ဘာတွင် BGF ခေါင််းဆောင််ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကို အမေရိကန်၊​ ဗြိတိန််နှင့် ကနေဒါတို့ ပူးပေါင်း အရေးယူပိတ်ဆို့မှုလုပ်ဆောင်ခဲ့ရာ ဒဏ်ခတ််ပိတ်ဆို့မှုခံရသူများမှာ ဒေသတွင်း အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများ လည်ပတ်စေပြီး လူကုန်ကူးခံရသူများကို အတင်းအကျပ် ခိုင်းစေမှုများ ကျူးလွန်နေကြောင်း ကြေညာသည်။ ၎င်းတို့သည် လူမှောင်ခိုမှု၊ အဓမ္မခိုင်းစေမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန််ကြောင််း အထက်ပါသုံးနိုင််ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကြေ

ညာချက်၌ ဖော််ပြသည််။

ထိုသို့ဒဏ်ခတ််ပိတ်ဆို့မှုများအပေါ် BGF ခေါင်းဆောင်စောချစ်သူက “ဘာမှ မပြောချင်ဘူး။ ကျွန်တော်တို့ လုပ်တာအမှန်ဆိုရင် ကိုယ့်ရဲ့ပြည်သူလူထုကို နစ်နာတာတို့၊ ဒုက္ခရောက်တာတို့ ရှိလား” ဟု တုန့်ပြန်သည်။

ကရင်နယ်ခြားစောင့်တပ် BGF သည် အာဏာသိမ်းစစ်တပ်လက်အောက်ခံအဖြစ် ၂၀၂၃ နှစ်ကုန်ပိုင်းအထိ အကြမ်းဖက်စစ်တပ်ထံမှ ရိက္ခာနှင့် လစာ ယူခဲ့ပြီး လက်ရှိတွင်စစ်တပ်ထံမှ ရိက္ခာနှင့် လစာမယူတော့ဘဲ BGF ကို ပြောင်းလဲကာ သီးခြားရပ်တည်တော့မည်ဟု ယခုနှစ်ဆန်းတွင် ကြေညာသည်။ BGF သည် ကရင့်တပ်အချင်းချင်းတိုက်ခိုက်လိုခြင်းမရှိတော့ကြောင်းနှင့် စစ်တပ်ထံမှ ရိက္ခာ၊လစာမယူတော့ကြောင်း အချက်၂ချက်ကို တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုချက်များနှင့်ပတ်သက်၍ စစ်တပ်က ဖေဖော်ဝါရီ ၂၁ ရက်အထိ တုန့်ပြန်အကြောင်းကြားခြင်းမရှိသေးကြောင်း သိရသည်။

သို့သော် အာဏာသိမ်းစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်

BGF တို့ မြေပြင်ထိတွေ့မှုနှင့် စစ်ရေးတင်းမာမှု မရှိကြောင်း ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။ ထို့အပြင်် ‘အကြမ်းဖစ်စစ််တပ်နှင့် ပြန်လည်ပေါင်းစည်းရေးဖြစ်လာနိုင်ပါသလား’ မေးခွန်းကို “ ဒါတော့လည်း ကျွန်တော်မပြောနိုင်ဘူး” ဟု မတင်မကျဖြေသည်။

(ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်များအပါအဝင် ၁၀ ဦးကိုကျားဖြန့်လုပ်ငန်း အမှုများဖြင့်တရုတ်က​နေပြည်​တော်သို့လာ​ရောက်ဖမ်းဆီး​ခေါ်​ဆောင်သွားစဥ်။ဓါတ်ပုံ-တရုတ်အစိုးရမီဒီယာများ)

စစ္​ေကာင္စီက ကိုးကန္႔ျပည္သူ႔စစ္​ေခါင္း​ေဆာင္မ်ားကို တ႐ုတ္ထံလႊဲ​ေျပာင္း​ေပးခဲ့​ျခင္းမွာ မလုပ္သင့္​ေသာလုပ္ရပ္ဟု ဗိုလ္မႉးႀကီး​ေစာခ်စ္သူ​ေျပာၾကား
ေဖေဖာ္ဝါရီလ ၂၃ ရက္
စစ္အုပ္စု၏ကာလရွည္ မဟာမိတ္ ကိုးကန႔္ေဒသေခါင္းေဆာင္းေဟာင္းအပါအဝင္ ၁၀ ဦးကို တ႐ုတ္ႏိုင္ငံထံ စစ္ေကာင္စီကလႊဲေျပာင္းေပးခဲ့ျခင္းအေပၚ ကရင္နယ္ျခားေစာင့္တပ္ BGF ေခါင္းေဆာင္ဗိုလ္မႉးႀကီးေစာခ်စ္သူက ၎တို႔သည္ ျမန္မာႏိုင္ငံသားမွန္ကန္ပါက မလႊဲေျပာင္းေပးသင့္ေၾကာင္း ေဝဖန္ေထာက္ျပသည္။
ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဥကၠ႒ေဟာင္းလည္းျဖစ္၊ျပည္ခိုင္ၿဖိဳးအမတ္​ေဟာင္းျဖစ္​၊ကိုးကန္႔ျပည္သူ႔စစ္​ေခါင္း​ေဆာင္ျဖစ္ေသာ ဦးပယ္ေဆာက္ခ်ိန္ ၊၎၏သားကိုးကန္႔ျပည္သူ႔စစ္​ေခါင္း​ေဆာင္အပါအဝင္ ၁၀ဦးကို အာဏာသိမ္းစစ္ေကာင္စီက ၿပီးခဲ့သည့္ဇန္နဝါရီ လကုန္ပိုင္းတြင္ တ႐ုတ္ႏိုင္ငံထံ လႊဲေျပာင္းအပ္ႏွံခဲ့ျခင္းအေပၚ ကရင္BGF ေခါင္းေဆာင္ ဗိုလ္မႉးႀကီးေစာခ်စ္သူ၏အျမင္သေဘာထားကို ေမးျမန္းခဲ့ရာ “ကြၽန္ေတာ္ကေတာ့ ထူးထူးေထြေထြ ဘာမွ မျမင္ပါဘူး။ ကြၽန္ေတာ္တို႔ေျပာခ်င္တာက ကိုယ့္ရဲ႕ႏိုင္ငံမွာလည္းတရားဥပေဒရွိပါတယ္။ ကိုယ့္ႏိုင္ငံသားမွန္ကန္ရင္ဒါကို မလုပ္သင့္ပါဘူး။လုပ္စရာမလိုေလာက္ပါဘူး” ဟု ေျပာသည္။
တ႐ုတ္ႏိုင္ငံက အြန္လိုင္းလိမ္လည္မႈလုပ္ငန္း(က်ားျဖန႔္)ႏွင့္ပတ္သက္္၍ ႏိုင္ငံျဖတ္ေက်ာ္္ဖမ္းဆီးမႈမ်ား ၊ ႏွိမ္နင္္းမႈမ်ား လုပ္ေဆာင္ေနရာ အာဏာသိမ္းစစ္ေကာင္စီကလည္း တ႐ုတ္အလိုရွိေနေသာ ျမန္မာႏိုင္ငံသားမ်ားကို တ႐ုတ္ထံ လႊဲေျပာင္းေပးအပ္မႈရွိခဲ့သည္။ ထိုအေျခအေနတြင္ က်ားျဖန႔္လုပ္ငန္းမ်ားႏွင့္ ပတ္သက္မႈရွိသည္္ဟု စြပ္စြဲခံထားရေသာ BGF ေခါင္္းေဆာင္္ ဗိုလ္မႉးႀကီးေစာခ်စ္္သူက က်ားျဖန႔္ႏွင့္ပတ္သက္္၍ စိုးရိမ္မႈမရွိေၾကာင္း တုန႔္ျပန္သည္။
BGF အေနျဖင့္ယင္းလိမ္လည္မႈလုပ္ငန္းမ်ားကို လုပ္ကိုင္ျခင္းမရွိသကဲ့သို႔ တ႐ုတ္ႏိုင္ငံသား ၃၀၀၀ နီးပါးကိုလည္း တ႐ုတ္ႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း ဗိုလ္မႉးႀကီးေစာခ်စ္သူက ဆိုသည္။
“တ႐ုတ္ႏိုင္ငံသားေတြလည္း အမ်ားႀကီး မရွိေတာ့ပါဘူး။
ဆင့္ေခၚအေၾကာင္းၾကားတာတို႔ သိသိခ်င္း ကြၽန္ေတာ္တို႔ ျပန္ပို႔ေပးတာ လူအားလုံး ၂၀၀၀ေက်ာ္ ၃၀၀၀ နီးနီးရွိပါၿပီ။ (က်ားျဖန႔္ကို) ကြၽန္ေတာ္တို႔လည္း လက္မခံပါဘူး” ဟု ၎က ဆိုသည္။
သို႔ေသာ္ ၂၀၂၃ ဒီဇင္ဘာတြင္ BGF ေခါင္္းေဆာင္္ဗိုလ္မႉးႀကီးေစာခ်စ္သူအပါအဝင္ လူပုဂၢိဳလ္ ၃ ဦးကို အေမရိကန္၊​ ၿဗိတိန္္ႏွင့္ ကေနဒါတို႔ ပူးေပါင္း အေရးယူပိတ္ဆို႔မႈလုပ္ေဆာင္ခဲ့ရာ ဒဏ္ခတ္္ပိတ္ဆို႔မႈခံရသူမ်ားမွာ ေဒသတြင္း အြန္လိုင္း လိမ္လည္မႈ လုပ္ငန္းမ်ား လည္ပတ္ေစၿပီး လူကုန္ကူးခံရသူမ်ားကို အတင္းအက်ပ္ ခိုင္းေစမႈမ်ား က်ဴးလြန္ေနေၾကာင္း ေၾကညာသည္။ ၎တို႔သည္ လူေမွာင္ခိုမႈ၊ အဓမၼခိုင္းေစမႈ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို က်ဴးလြန္္ေၾကာင္္း အထက္ပါသုံးႏိုင္္ငံ၏ ဒဏ္ခတ္ပိတ္ဆို႔မႈေၾက
ညာခ်က္၌ ေဖာ္္ျပသည္္။
ထိုသို႔ဒဏ္ခတ္္ပိတ္ဆို႔မႈမ်ားအေပၚ BGF ေခါင္းေဆာင္ေစာခ်စ္သူက “ဘာမွ မေျပာခ်င္ဘူး။ ကြၽန္ေတာ္တို႔ လုပ္တာအမွန္ဆိုရင္ ကိုယ့္ရဲ႕ျပည္သူလူထုကို နစ္နာတာတို႔၊ ဒုကၡေရာက္တာတို႔ ရွိလား” ဟု တုန႔္ျပန္သည္။
ကရင္နယ္ျခားေစာင့္တပ္ BGF သည္ အာဏာသိမ္းစစ္တပ္လက္ေအာက္ခံအျဖစ္ ၂၀၂၃ ႏွစ္ကုန္ပိုင္းအထိ အၾကမ္းဖက္စစ္တပ္ထံမွ ရိကၡာႏွင့္ လစာ ယူခဲ့ၿပီး လက္ရွိတြင္စစ္တပ္ထံမွ ရိကၡာႏွင့္ လစာမယူေတာ့ဘဲ BGF ကို ေျပာင္းလဲကာ သီးျခားရပ္တည္ေတာ့မည္ဟု ယခုႏွစ္ဆန္းတြင္ ေၾကညာသည္။ BGF သည္ ကရင့္တပ္အခ်င္းခ်င္းတိုက္ခိုက္လိုျခင္းမရွိေတာ့ေၾကာင္းႏွင့္ စစ္တပ္ထံမွ ရိကၡာ၊လစာမယူေတာ့ေၾကာင္း အခ်က္၂ခ်က္ကို ေတာင္းဆိုခဲ့ၿပီး ယင္းေတာင္းဆိုခ်က္မ်ားႏွင့္ပတ္သက္၍ စစ္တပ္က ေဖေဖာ္ဝါရီ ၂၁ ရက္အထိ တုန႔္ျပန္အေၾကာင္းၾကားျခင္းမရွိေသးေၾကာင္း သိရသည္။
သို႔ေသာ္ အာဏာသိမ္းစစ္တပ္ႏွင့္ ကရင္နယ္ျခားေစာင့္တပ္
BGF တို႔ ေျမျပင္ထိေတြ႕မႈႏွင့္ စစ္ေရးတင္းမာမႈ မရွိေၾကာင္း ဗိုလ္မႉးႀကီးေစာခ်စ္သူက ေျပာသည္။ ထို႔အျပင္္ ‘အၾကမ္းဖစ္စစ္္တပ္ႏွင့္ ျပန္လည္ေပါင္းစည္းေရးျဖစ္လာႏိုင္ပါသလား’ ေမးခြန္းကို “ ဒါေတာ့လည္း ကြၽန္ေတာ္မေျပာႏိုင္ဘူး” ဟု မတင္မက်ေျဖသည္။
(ကိုးကန္႔ျပည္သူ႔စစ္​ေခါင္း​ေဆာင္မ်ားအပါအဝင္ ၁၀ ဦးကိုက်ားျဖန္႔လုပ္ငန္း အမႈမ်ားျဖင့္တ႐ုတ္က​ေနျပည္​ေတာ္သို႔လာ​ေရာက္ဖမ္းဆီး​ေခၚ​ေဆာင္သြားစဥ္။ဓါတ္ပုံ-တ႐ုတ္အစိုးရမီဒီယာမ်ား)
#

#

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *