ပြည်မြို့ ဒုန်း ဒုန်း ဒုန်း

ပြည်မြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေး အိမ်ရာကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု လူနာတင်ကားများဖြင့် ဝင်ရောက်သွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း၊ ပြည်မြို့ရှိ စစ်ဘက်ရေးလုံခြုံရေးတပ်ဖွဲ့(စရဖ)၏ အိမ်ရာကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Pyay Urban Force မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ပြည်မြို့ စရဖ အိမ်ရာကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ကြောင်း၊ လူနာတင်ကားများ ရွှေတောင်ဘက်မှ မောင်းနှင်သွားကြောင်း Pyay Urban Force သတင်းရင်းမြစ်က ရှင်းပြသည်။

“ပြည်မြို့ စရဖ အိမ်ယာကို မိုင်း ၈လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ ရွှေတောင်ဘက်က နေ လူနာတင်ကားတွေ မောင်းသွားတယ်။ ထိခိုက်မှု အများအပြားရှိနိုင်ပါတယ်။ တိုက်ခိုက်မှုကို Pyay Urban Forceက တိုက်ခိုက်ခဲ့ပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်မြို့အခြေစိုက် Pyay Underground News-PUGN ကလည်း ယနေ့ နံနက်အစောပိုင်း ပြည်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားမှု မှန်ကန်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။

“ကျနော်တို့ သတင်းတင်ထားပါတယ်။ ဗုံးကွဲတာ မှန်ပါတယ်။ ပြည်မြို့မှာ မနက် ၄ နာရီလောက်က ကညနရုံးအနောက်ဘက်မှာ ဗုံး ၃ လုံးနဲ့ နောက်တစ်နေရာမှာ ၁ လုံး စုစုပေါင်း ဗုံး ၄ လုံးပေါက်ကွဲခဲ့ပါတယ်။ ထိုဗုံးပေါက်ကွဲမှုကြောင့် ပြည်မြို့တွင်းမှာ စစ်ဆေးမှုတွေ တင်းကြပ်နေမှာဖြစ်ပြီး ပြည်သူများ အထူးဂရုစိုက်ကြပါ” ဟု Pyay Underground News-PUGNမှ တာဝန်ရှိသူက ပြောဆိုသည်။

ဓာတ်ပုံ- ပြည်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

ျပည္ၿမိဳ႕ရွိ စစ္ဘက္ေရးရာလုံၿခဳံေရး အိမ္ရာကို မိုင္း ၈ လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္မႈ လူနာတင္ကားမ်ားျဖင့္ ဝင္ေရာက္သြား
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၃
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕ရွိ စစ္ဘက္ေရးလုံၿခဳံေရးတပ္ဖြဲ႕(စရဖ)၏ အိမ္ရာကို မိုင္း ၈ လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း Pyay Urban Force မွ သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔ နံနက္ ၄ နာရီ ၃၀ မိနစ္အခ်ိန္ ျပည္ၿမိဳ႕ စရဖ အိမ္ရာကို မိုင္း ၈ လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း၊ ထိခိုက္ဒဏ္ရာရရွိမႈမ်ားရွိႏိုင္ေၾကာင္း၊ လူနာတင္ကားမ်ား ေ႐ႊေတာင္ဘက္မွ ေမာင္းႏွင္သြားေၾကာင္း Pyay Urban Force သတင္းရင္းျမစ္က ရွင္းျပသည္။
“ျပည္ၿမိဳ႕ စရဖ အိမ္ယာကို မိုင္း ၈လုံးနဲ႔ ေဖာက္ခြဲတိုက္ခိုက္ခဲ့တယ္။ ေ႐ႊေတာင္ဘက္က ေန လူနာတင္ကားေတြ ေမာင္းသြားတယ္။ ထိခိုက္မႈ အမ်ားအျပားရွိႏိုင္ပါတယ္။ တိုက္ခိုက္မႈကို Pyay Urban Forceက တိုက္ခိုက္ခဲ့ပါတယ္” ဟု အဆိုပါသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ျပည္ၿမိဳ႕အေျခစိုက္ Pyay Underground News-PUGN ကလည္း ယေန႔ နံနက္အေစာပိုင္း ျပည္ၿမိဳ႕တြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားမႈ မွန္ကန္ေၾကာင္း ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ အတည္ျပဳ ေျပာဆိုသည္။
“က်ေနာ္တို႔ သတင္းတင္ထားပါတယ္။ ဗုံးကြဲတာ မွန္ပါတယ္။ ျပည္ၿမိဳ႕မွာ မနက္ ၄ နာရီေလာက္က ကညန႐ုံးအေနာက္ဘက္မွာ ဗုံး ၃ လုံးနဲ႔ ေနာက္တစ္ေနရာမွာ ၁ လုံး စုစုေပါင္း ဗုံး ၄ လုံးေပါက္ကြဲခဲ့ပါတယ္။ ထိုဗုံးေပါက္ကြဲမႈေၾကာင့္ ျပည္ၿမိဳ႕တြင္းမွာ စစ္ေဆးမႈေတြ တင္းၾကပ္ေနမွာျဖစ္ၿပီး ျပည္သူမ်ား အထူးဂ႐ုစိုက္ၾကပါ” ဟု Pyay Underground News-PUGNမွ တာဝန္ရွိသူက ေျပာဆိုသည္။
ဓာတ္ပုံ- ျပည္ၿမိဳ႕တြင္ ၂၀၂၁ ခုႏွစ္၊ မတ္လ ၁၁ ရက္ေန႔ လုံၿခဳံေရးယူထားသည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား။
Photo- CJ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *