ယနေ့ အင်္ဂါနေ့ (၁၉.၁၂.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၁၉၊ ၂၀၂၃ (အင်္ဂါနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည် အမေရိကန်ဒေါ်လာ 3450 – 3520ဥရောပယူရို 3650 – 3750 တောင်ကိုရီးယားဝမ် 2.55 – 2.65အိန္ဒိယရူပီး 40.30 – 41.70 ဗြိတိသျှစတာလင်ပေါင် 4240 – 4420သြစတြေးလျဒေါ်လာ…

မွှင်းခါး၆ပွဲနှင့် ဗက၁ကောင်အပါဝင် ခဝေး၆ကောင်ဖမ်းမိ

ချင်းနှင့် မကွေး အစပ်ရှိ စစ်ကောင်စီ၏ ဘုံဇုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိ၊ ဖမ်းဆီးရရှိသူများကို နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထား ဒီဇင်ဘာလ ၁၉ ရက် ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက…

မှိုင်းတိုက်နေတာကိုမယုံကြနဲ့နော်

ညီနောင်မဟာမိတ်၃ဖွဲ့ကို ပြည်သူကအထင်အမြင်မှားစေဖို့ စစ်အုပ်စုက သတင်းတုတွေဖန်တီးပြီး သွေးခွဲနေ ဒီဇင်ဘာ ၁၉ ရက် အကြမ်းဖက်စစ်ကောင်စီသည် သတင်းတု၊ သတင်းမှားများ လုပ်ကြံဖန်တီး ဖြန့်ချိကာ ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် ပြည်သူလူထုကြား စိတ်ဝမ်းကွဲစေရန် လုပ်ဆောင်နေသည့်အပြင် ပြည်သူလူထု ကို ဖမ်းဆီးခြင်း၊ ဆေးဝါး၊ စားနပ်ရိက္ခာဖြတ်တောက်ခြင်းတို့ကို ပိုမိုလုပ်ဆောင်နေကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က…

လောက်ကိုင် ဆို့အောက် အလံလွှင်(ရုပ်သံ)

လောက်ကိုင်မြို့နယ် ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို MNDAA က ဝင်ရောက် နေရာယူပြီး အလံလွှင့်ထူထား (ရုပ်/သံ) +++++++++++++++ ဒီဇင်ဘာ ၁၉ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုးကန့် MNDAA က ဝင်ရောက်နေရာယူပြီး ကိုးကန့်အလံလွှင့်တင်ထားတယ်လို့ သိရပါ တယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့က လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းနယ်စပ်ဂိတ်မှာ ကိုးကန့် အလံ…

ခလေးတွေသိပ်မဆော့နဲ့ ဟိုမှာငပျူတွေထိကုန်ပြီ(ရုပ်သံ)

စစ်ကိုင်းမြို့နယ် မာလဲတောရွာရှိ ပျူစောထီးစခန်းကို လက်နက်ကြီး၊ ဒရုန်းများနဲ့ တိုက်ခိုက် (ရုပ်/သံ) ++++++++++++++++++ ဒီဇင်ဘာ ၁၉ ရက် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မာလဲတောရွာရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိုင် ချထားတဲ့ ပျူစခန်းကို ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက YOUNG WOLF Local PDF အဖွဲ့နှင့် အညာညီနှောင် တပ်ပေါင်းစု…

ဂုဏ်ယူပါတယ် ဦးကျော်မိုးထွန်း

မြန်မာပြည်သူတွေ ထောက်ခံတဲ့ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရ ++++++++++++++++++ ဒီဇင်ဘာ ၁၉ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုင်ငံကိုယ်စားပြုမှုအရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီက ထပ်ဆိုင်းငံ့လိုက်တဲ့အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်ရွေးချယ်ရေးဆုံးဖြတ်ချက်ကို မနှစ်ကလည်း အခုလို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပြီး ၂၀၂၀ မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်ယူခဲ့တဲ့ ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ…

ထလရအရာရှိတဲ့ဟေ့ ဆော်သာဆော်

ဟားခါးတွင် အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနှင့် အပေါင်းအပါ တို့ကို ဖမ်းဆီးရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနှင့် အဖော်ဖြစ်သူတို့ကို ချင်းတော်လှန်ရေးတပ်များက ဖမ်းဆီးရရှိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ ချင်းအမျိုးသားတပ်မတော် CNA က အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနှင့် အပေါင်းအပါတို့ကို ဖမ်းဆီးရရှိခြင်းဖြစ် ကြောင်း၊…

စပါးပါခိုးရိတ်တဲ့ငပျူတွေဆော်ခံရ(ရုပ်/သံ)

ခင်ဉီးမြို့နယ် ပျဉ်ထောင်ကျေးရွာပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂ ဉီးသေဆုံး (ရုပ်/သံ) ++++++++++++++++++++ ဒီဇင်ဘာ ၁၈ ရက် စစ်ကိုင်းတိုင်း ခင်ဉီးမြို့နယ် ပျ‌ဉ်ထောင်ကျေးရွာမှ ပျူစောထီးများဟာ အနီးအနားကျေးရွာများရှိ စပါးခင်းများကို ခိုးယူရိတ်သိမ်းနေချိန် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၂ ဉီးသေဆုံးသွား တယ်လို့ Khin U Specialforce Organization_KSOမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၄ ရက်က…

အရာတော်မှာ စခတွေကိုငှက်ပျောဖူးကျွေး(ရုပ်သံ)

အရာတော်မြို့နယ် ကမ်းပြူရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) +++++++++++++++++++++ ဒီဇင်ဘာ ၁၈ ရက် စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကမ်းပြူရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အမရစစ်သည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး)နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ အတိအ ကျမသိရသေးဘူးလို့ အမရစစ်သည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

တောင်စားနေတဲ့ငပျူတွေကိုငရဲပို့လိုက်ပြန်ပြီ

ညောင်ရွှေမြို့နယ်တွင် လက်နက်ကိုင် ဆက်ကြေးကောက်နေသည့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် လက်နက်ကိုင် ဆက်ကြေးကောက်နေသည့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၆…