အဘတို့လိုအတင်းအဓမ္မအလှူခံစရာမလိုဘူးနော် ပြည်ကိုပြည်သူကပဲကူတာပါ

ဒဏ်ရာရ တော်လှန်ရေး ရဲဘော်တွေကို ဆေးဝါးကုသပေးနိုင်ဖို့နဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ကျန်းမာရေးမိသားစု - မန္တလေး (MFM)က ညီနောင်သုံးဖွဲ့ထံ ငွေကျပ် သိန်း(၁၀၀၀)လှူဒါန်း၊ အထွေထွေသပိတ်အင်အားစု - GSCB ကလည်း ညီနောင်သုံးဖွဲ့ထံ ငွေကျပ်သိန်း(၁၀၀၀)လှူဒါန်း၊ နိုဝင်ဘာ - ၂၆ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်အုပ်စုရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်မှု၊ လေယာဉ်နဲ့ ဗုံးကျဲ…

ရန်ကုန်မြို့ကြီးရေ နှုတ်ဆိပ်ခြင်းဖြင့်ကူညီကြပါ

ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ယမန်နေ့ ဆန္ဒပြပွဲ ဦးဆောင်သည့် သပိတ်ခေါင်းဆောင် ကိုနန်းလင်းနှင့် ပါဝင်သူများကို စစ်တပ်က ပိုက်စိတ်တိုက်ရှာနေ ■ ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည့် မြောက်ဒဂုံ ၄၀ စျေးပတ်ဝန်းကျင်ကို စစ်တပ်က ဝင်ရောက်မွှေနှောက်ပြီး လမ်းပေါ်ရှိ စျေးဆိုင်တချို့ကို ဖျက်ဆီး ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရန်ကုန်တွင် ယမန်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ…

ချင်းပြည်ရဲ့ (၇၅)ရာခိုင်နှုန်းကျော် ချင်းတော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီလို့ဆိုသတင်း(ရုပ်သံ)

ချင်းပြည် မြို့(၆)မြို့ကို သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ၊ ချင်းပြည် အဓိက မြို့(၈)မြို့မှာသာ စစ်အုပ်စု ကျန်ရှိတော့ ချင်းပြည်ရဲ့ (၇၅)ရာခိုင်နှုန်းကျော် ချင်းတော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီလို့ဆို နိုဝင်ဘာ - ၂၆ ချင်းပြည် နေရာအနှံ့မှာ ချင်းတော်လှန်ရေးတပ်တွေက စစ်အုပ်စုကို ထိုးစစ်ဆင်ကာ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဖော်ဆောင်နေပြီး လက်ရှိမှာ မြို့(၆)မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့…

မူဆယ်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ကိုးကန့်အလံ လွှင့်ထူ (ရုပ်/သံ)

မူဆယ်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ပြီး ကိုးကန့်အလံ လွှင့်ထူ (ရုပ်/သံ) နိုဝင်ဘာ ၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို MNDAA က သိမ်းပိုက်လိုက်ပြီး ကိုးကန့်အလံ လွှင့်ထူလိုက်ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် မူဆယ်မြို့နယ်ရှိ…

ဘီးလင်းအခြေအနေက အဲသလိုပါဆို

ဘီးလင်းဝင်းကရဲစခန်း စစ်ကောင်စီလက်လွှတ် နိုဝင်ဘာလ ၂၆ ရက် တော်လှန်ရေးအင်အားစုတွေရဲ့ မြို့သိမ်းနဲ့စခန်းသိမ်း တိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့ သတင်းတွေကြောင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာရှိ ဝင်းကရဲကင်းစခန်းကို စစ်ကောင်စီဘက်က ရုပ်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၄ ရက်နေ့က ဝင်းကရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို တောင်စွန်းရဲစခန်းထံ ပြောင်းရွှေ့သွားခဲ့ပြီး အင်အားပေါင်းစည်းလိုက်တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်လွှတ်သွားတဲ့ ဝင်းကရဲစခန်းဟာ…

ဗိုလ်အယ်ဆေးဝါး ဦးဆောင်တဲ့ ဗျူဟာစစ်ကြောင်း ကစစ်သုံးပန်းတွေ ဖမ်းပြီး နယ်မြေရှင်းလင်း (ရုပ်/သံ)

ဗိုလ်အယ်ဆေးဝါး ဦးဆောင်တဲ့ ဗျူဟာစစ်ကြောင်း ကစစ်သုံးပန်းတွေ ဖမ်း ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါး ဦးဆောင်တဲ့ ဗျူဟာစစ်ကြောင်း ကစစ်သုံးပန်းတွေ ဖမ်းပြီး နယ်မြေရှင်းလင်း (ရုပ်/သံ)C8 Newsရန်ကုန်၊နိုဝင်ဘာ(၂၅)ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါး ဦးဆောင်တဲ့ Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်း နဲ့ ပူပေါင်းတပ်ဖွဲ့တွေကလည်း ချောင်းနှစ်ခွ ကိုစစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံးပန်းတွေနဲ့အတူ…

လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး ထပ်မံ လက် နက်ချ အလင်းဝင်

လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး ထပ်မံ လက် နက်ချ အလင်းဝင် ရန်ကုန်၊ နိုဝင်ဘာ ၂၅ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ကရင်နီတော်လှန်ရေးတပ်များက ဆင်နွှဲလျက်ရှိသော လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချ အလင်းဝင်ကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၅) ရက်နေ့ တွင် ၁၁.၁၁…

အောင်သာယာတိုက်ပွဲကနေ အောင်ပွဲနဲ့ပြန်လာတဲ့ PLAတပ်မတော်သားတွေကိုသပြေပန်းနဲ့ သောင်းသောင်ဖြဖြကြိုဆို(ရုပ်သံ)

အောင်သာယာတိုက်ပွဲကနေ အောင်ပွဲနဲ့ပြန်လာတဲ့ PLA-ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို ဒေသခံလူထုက သပြေပန်းနဲ့ သောင်းသောင်ဖြဖြကြိုဆို နိုဝင်ဘာ ၂၅ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊အောင်သာယာတိုက်ပွဲမှာအောင်ပွဲရပြီး ပြန်လာကြတဲ့ PLA-ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေနဲ့ မဟာမိတ်တွေကို ဒေသခံ ပြည်သူလူထုက အောင်သပြေပန်းတွေနဲ့ သောင်းသောင်းဖြဖြကြိုဆိုနေကြတယ်လို့ PLAဘက်က အသိပေးထားပါတယ်။ ယမန်နေ့က PLA အမှတ်(၁)စစ်ဒေသ၏ စစ်ရေးဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၁၀ယောက်ထက်မနည်းသေ၊ ၁၅ယောက်ကျော်ဒဏ်ရာရပြီး သုံ့ပန်း ၇ယောက်ဖမ်းဆီးပြီး အောင်ပွဲရလာတာလို့ဆိုပါတယ်။…

ကြယ်သုံးပွင့် ကြွေပြီးသိမ်းခဲ့တဲ့ စခစခန်း(ရုပ်သံ)

ကနီနယ် စစ်အုပ်စု လှိုဏ်ဂူစခန်းကို သုံးရက်နဲ့ လေးညအိပ် ချဉ်းကပ်ပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ နိုဝင်ဘာ ၂၅ စစ်ကိုင်းတိုင်း ကနီမြို့နယ် ယာကြီး-ကလေးဝ လမ်းပေါ်က စစ်အုပ်စု အထိုင်ချထားတဲ့ လာဘို့ရွာ အနီးက လှိုဏ်ဂူစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သုံးညအိပ်၊ လေးရက် ချဉ်းကပ်ကာ တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ(၂၃)ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်တိုက်ပွဲဝင် ရဲဘော်တွေက MFP…

ငပုပထွေးက ငပုအတိုင်း ယုတ်မာချက် ငါတို့ပြည်သူတွေဘေးကင်းကြပါစေ

နယ်စပ်ခြံစည်းရိုးနားရောက်လာတဲ့ စစ်ဘေးရှောင်တွေကို တရုတ်က မီးခိုးဗုံး အသုံးပြုမောင်းထုတ် နိုဝင်ဘာ ၂၅ ၊ ၂၀၂၃ အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန် ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့အနီးဝန်းကျင်မှာ ယနေ့ နိုဝင်ဘာ ၂၅ ရက်က တိုက်ပွဲပြင်းထန်နေချိန် တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုးအနီး ရောက်လာတဲ့ လောက်ကိုင် စစ်ဘေးရှောင်တွေကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မီးခိုးဗုံးအသုံးပြုကာ မောင်းထုတ်ခဲ့ပါတယ်။ တရုတ်-မြန်မာ နယ်စပ်မှတ်တိုင်…