လိုင်လင်းပီမြို့၊ နယ်မြေရှင်လင်းရေးဆောင်ရွက်နေပြီး မကြာမီပြည်သူ့အုပ်ချုပ်ရေးယန္တာရားလည်ပတ်နိုင်တော့မည် နိုဝင်ဘာလ ၂၆ ရက် ချင်းပြည်နယ်-အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကိုအကြမ်းဖက်စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့များ တတိုက်ပွဲပြင်းထန်ပြီးနောက် ပြည်သူများ စစ်ဘေးရှောင်နေရသောကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လိုင်လင်းပီမြို့ကိုနယ်မြေရှင်းလင်းရေးလုပ်ပြီးပြည်သူများမြို့ထဲဝင်ရောက်ကာ ပြည်သူ့အုပ်ချုပ်ရေးယန္တာရားများလည်ပတ်နိုင်ဆောင်ရွက်နေပြီလို့သိရပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့က စပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေတာကြောင့် လိုင်လင်းပီ မြို့ပေါ်နေ ပြည်သူတွေဟာ နီးစပ်ရာ ကျေးရွာများ၊ တောခြံများနဲ့ အိန္ဒိယ ဘက်ကိုစစ်ဘေးရှောင်လာကြပါတယ်။ ခုတော့ ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့…
Posted by
admin
November 26, 2023