Posted inWeather
၂၀.၉.၂၀၂၃ နေ့ မို့လေဝသ အခြေအနေ
ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းမုန်တိုင်းငယ်ဟာဆိုရင် အိန္ဒိယနိုင်ငံအတွင်းကို ဝင်ရောက်သွားပြီဖြစ်ပါတယ်။ မုန်းတိုင်းငယ်ရဲ့ အရှိန်နဲ့အတူ အနောက်တောင်မုတ်သုန်လေဟာလည်း အားကောင်းနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသနဲ့ အောက်ပိုင်းဒေသတွေမှာ နေရာစိပ်စိပ်မိုးကြီးနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နေရာကျဲကျဲ မိုးကြီးနိုင်ပါတယ်။ ချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ နေရာစိစိပ် မိုးကြီးနိုင်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မန္တလေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ပြီး မိုးကြီးမှာဖြစ်ပါတယ်။ စက်တင်ဘာလကုန်ခါနီးမှာလည်း…