စမ်းချောင်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထွက်စာတင် သတိုး/People's Springရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် ကူညီနေသူများအား ဓာတ်ပုံနှင့်ထုတ်ပြန်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးရာထူးမှ နှုတ်ထွက်သူများရှိသလို တိမ်းရှောင်သူများလည်းရှိကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဌ ကိုပီတာကြီးကပြောသည်။ "စမ်းချောင်းမှာ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်မယ့် စစ်တပ် ထောက်တိုင်တွေရဲ့ အချက်အလက်တွေကိုထုတ်ပြန်ပြီးတဲ့နောက်မှာ အုပ်ချုပ်ရေးမှူးတွေကြားမှာလည်း အကွဲကွဲ အပြဲပြဲတွေဖြစ်ကြတယ်။ သံသယတွေရှိတယ်ဆိုတဲ့ သတင်းစကားတွေကြားတယ်။ နောက်ထပ်တစ်ခုက အုပ်ချုပ်ရေးမှူးတွေစစ်ကောင်စီကိုသွားပြီး နှုတ်ထွက်စာတင်ကြတယ်။…
Posted by
admin
March 25, 2024