Posted inNews
ပွဲလှန့်တုန်းဖျာခင်းတဲ့ဘောမတွေကပေါ
ညစဉ် ဧည့်စာရင်းစစ် ကင်းလှည့်စစ်ဆေးခဲ့ရသဖြင့် နံနက်ပိုင်းဆိုလျှင် ကိုဇော်ပင်ပန်းနေတတ်သည်။ ကင်းလှည့်စစ်ဆေးသည် ဆိုသော်လည်း သူသည် ရဲနှင့် စစ်သား မဟုတ်သလို ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးလည်း မဟုတ်ပေ။ ရန်ကုန်ရှိ တော်လှန်ရေးအဖွဲ့များ၏ သတင်းကိုစုံစမ်းပေးရသော အရပ်သား ဒလန်တစ်ဦးသာဖြစ်သည်။ အသက် ၃၀ ကျော်အရွယ် ကိုဇော်သည် ရာဇဝတ်မှုတစ်မှုဖြင့် ထောင်ကျခဲ့သူဖြစ်သည်။ အင်းစိန်ထောင်မှ ပြန်လွတ်လာသည့်အခါ ဘာလုပ်ကိုင်စားရမှန်းမသိ။ သူထောင်က ပြန်ထွက်လာချိန်တွင်…