ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ မြို့ ၂ ခုလုံးကို အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက်

ကွတ်ခိုင် စစ်တပ်ဗျူဟာကုန်း နှင့် သိန္နီမြို့ရှိ စကခ ၁၆ စစ်ဌာန ချုပ်တို့ကို TNLA က သိမ်းပိုက်ရရှိပြီး ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ ၂ ခုလုံးကို အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက် ■ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့ပေါင်း ၁၆ မြို့ ရှိလာပြီ ရန်ကုန်၊…

ရပြန်ပြီဟေ့ အခင်းလိုက်ကြီး

Update-ရှင်းလက်ဝ စခန်း စွန့်ပြေးသည့် စစ်ကောင်စီတပ်သား ၆ ဦးသေ၊ ၁၀ ဦး ဖမ်းဆီးခံရ၊ ၇၀ ကျော် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးဇန်နဝါရီလ ၇ ရက်ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ရှိ စစ်ကောင်စီ၏ ရှင်းလက်ဝ တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို လိုက်လံတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး ၁၀ ဖမ်းမိခဲ့ကြောင်း မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ…

ဟုမ္မလင်းမြို့နယ်ခဝေးစခန်းတစ် ကုတ်လိုက်ပြန်ပြီဟေ့

ဟုမ္မလင်းမြို့နယ် သောင်သွပ်စံပြရွာရှိ စစ်ကောင်စီတပ်စခန်းများကို PDF တပ်များသိမ်းပိုက် ဇန်နဝါရီ ၇ ရက် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြရွာရှိ စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ဇန်နဝါရီလ (၅)ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု…

ဒကစမှ လနချ(ဗမ)၆ဦး လားရှိုးမှာဖမ်းစိထား

လောက်ကိုင် ဒကစမှ လက်နက်ချခဲ့​သော ဗိုလ်မှူးချုပ်ခြောက်ဦး စစ်ကောင်စီဖမ်းဆီးအချုပ်ချထား ဇန်နဝါရီ ၇ ရက် လောက်ကိုင်တွင်လက်နက်ချပြီး လားရှိုးပြန်သွားသော ဒကစ-​ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ခြောက်ဦးအပါအဝင် အရာရှိများကို စစ်ကောင်စီက လားရှိုးရဲစခန်းအချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြော သည်။ "လောက်ကိုင်က ပြန်ရောက်ကတည်းက လားရှိုးအချုပ်ထဲ ထည့်ထားတာ။ ဘာဆက်လုပ်မလဲ‌တော့ မသိဘူး။ ဒါပေမယ့် ဗိုလ်မှူးချုပ်ခြောက်ယောက်စလုံး အကုန်အချုပ်ထဲမှာ" ဟု…

ပြည်သူရှိတဲ့နေရာတွေကိုပဲရည်ရွယ်ချက်နဲ့လုပ်တာ

နမ့်ဆန်ရှိ မြို့သစ်ရွာစာသင်‌ကျောင်းအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ဆရာမ သုံးဦးအပါအဝင် ပြည်သူ ၅ဦးသေဆုံး ဇန်နဝါရီ ၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ် ဗုံးငါးလုံးဖြင့် လာရောက်ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား သေဆုံးမှုရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။ ယနေ့ (ဇန်နဝါရီ ၇ရက်) နေ့လယ် ၂နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ…

အုပ်ကြီးဆရာတပြည့်နှစ်ယောက် လမ်းဘေးတတ်ညီလက်ညီအိပ်ပျော်

ကျုံပျော်မြို့နယ်တွင် ရာအိမ်မှုးနှင့် တပည့်ဖြစ်သူတို့ သေနတ်နှင့်ပစ်ခတ်ခံရပြီး သေဆုံး ဇန်နဝါရီ ၇ ရက် ဧရာ၀တီတိုင်း ကျုံပျော်မြို့နယ် မဂူရိုးကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၆ရက်နေ့ညနေ ၅နာရီခန့်က ကျေးရွာရာအိမ်မှူးနှင့် တပည့်ဖြစ်သူတို့ သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံများထံမှ သိရှိရသည်။ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ မှ ရာအိမ်မှူးဦးသန်းမင်းအောင်ဆိုသူနှင့် တပည့်ဖြစ်သူ ဦးငွေသိန်းဆိုသူတို့ မဂူရိုးကျေးရွာ အ၀င်လမ်းပေါ်တွင်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။…

ခေါဇာကိုလှရွှေတို့ ရေးဘီလူးလက်ချက်မိ

"မွန်ပြည်နယ် ခေါဇာမြို့နယ် ရဲစခန်းကို ရေးဘီလူးအဖွဲ့ မီးရှို့ပြာချ" ဇန်နဝါရီလ ၇ ရက် ဇန်နဝါရီလ (၇) ရက် ဒီကနေ့ မနက်အစောပိုင်းက မွန်ပြည်နယ်၊ ခေါဇာမြို့ရဲစခန်းကို ရေးဘီလူးနဲ့ အဖွဲ့က မီးရှို့လိုက်ပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် အတွင်းကလဲ အဆိုပါ ရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ကြပ် တစ်ဦးနှင့် ရဲတပ်သား တစ်ဦး တို့ကို…

သိန္နီမြို့နှင့်ပြင်ဦးလွင်မကြာမီလာမည်

ကွတ်ခိုင်မြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သိန္နီမြို့ကို အလုံးစုံ ထိန်း ချုပ်နိုင်ရေး ကြိုးပမ်းနေ၊ ပြင်ဦးလွင်အဝင် ကျောက်မဲလေး ကျေးရွာ စစ်တပ်စခန်းကိုလည်း TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ က ထိုးစစ်ဆင်နေဇန်နဝါရီ ၇ ရက်ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း TNLA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ ကွတ်ခိုင်ဗျူဟာကုန်းစခန်းကို TNLA က ဆက်တိုက်…

Breaking News-ကွတ်ခိုင်အသာတစ်ကြည်ဆို့အောက်

Breaking News-: ကွတ်ခိုင်မှ စစ်‌ကောင်စီတပ်များ လက်နက်ချ၊ မြို့ကို PSLF/TNLA သိမ်းယူ —-------------- ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော် PSLF/TNLA က ယနေ့ (ဇန်နဝါရီ ၇ ရက်) တွင် သိမ်းပိုက်လိုက်ပြီဟု သိရသည်။ ကွတ်ခိုင်မြို့ရှိ အခြေချစစ်ဗျူဟာတပ်စခန်းကို သိမ်းပိုက်ပြီးနောက် ကွတ်ခိုင်မြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း PSLF/TNLA နှင့် နီးစပ်သူတစ်ဦးက…

ဘောမတွေဘယ်ရောက်နေလဲ အဘတပ်လူလိုနေတယ်လေ

နမ့်စန်ကကျေးရွာတွေမှာ မန်းကျန်းပြည်သူစစ်အဖွဲ့ အဓမ္မတပ်သားစုဆောင်း မဲခေါင်၊ ဇန်နဝါရီ ၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ထဲက ကျေးရွာတစ်ချို့မှာ စစ်ကောင်စီလက်အောက်ခံ မန်းကျန်းပြည်သူစစ်တပ်ဖွဲ့က ကျေးရွာတစ်ရွာကို အမျိုးသား ၁၀ဦးအထက် စစ်သားလုပ်ဖို့ အဓမ္မခေါ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလကတည်းက ဘန့်ဟင်ကျေးရွာအုပ်စုနဲ့ ဝမ်းခိုင်းကျေးရွာအုပ်စုတွေမှာ ကျေးရွာသူကြီးတွေကို အမိန့်စာတွေနဲ့ လာပေးခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်အတွင်း စစ်သားပို့ဆောင်းပေးဖို့ ညွှန်ကြားလာတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက…