ခွက်စောင်းခုတ်ကြရင်း အချင်းချင်း ပြန်သ-တ်

ဇီးကုန်းမှာ ရဲတစ်ဦး အဆိပ်မိပြီး သေဆုံး၊ကွမ်းနင်ပြီး သေဆုံးတာလို့ စစ်ကောင်စီ သတင်းလွှင့် ဖေဖော်ဝါရီ ၂၄ ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦးသည် အဆိပ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက တဆင့်သိရပါတယ်။ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ စစ်တပ် နှင့် ရဲ ပူးပေါင်းထားတပ်ဖွဲ့ဟာ ဘော်ဘင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားစဉ် လုံခြုံရေးယူနေတဲ့…

ရွှေဈေးတွေ မိုးပေါ်ထိမြင့်တတ်

အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းခွဲအထိ ရောက်ရှိဖေဖော်ဝါရီ ၂၄ ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းခွဲသို့ ရောက်ရှိလာကြောင်း ရန်ကုန်မှ ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။ "ကမ္ဘာ့ရွှေစျေးလည်း တက်တယ်။ မြန်မာ့ရွှေစျေးတက်တာက ဒေါ်လာစျေးမာနေတာရယ်၊ နောက်ပြီး နိုင်ငံရေး အခြေအနေက သိတဲ့အတိုင်းပဲ။ စစ်မှုထမ်းဥပဒေတွေနဲ့ဆိုတော့ စီးပွားရေးတွေလည်း အလှုပ်အခတ်များတယ်။ စျေးကွက်မငြိမ်ဘူး။ အကြောင်းတရားတွေက တစ်ခုတည်းကိုတော့…

ငပုလက်အောက်ကကောင်တွေက သူခိုးမဟုတ်ရင်ဂျပိုးပဲ

လေယာဥ်ဆီများ ခိုးယူရောင်းချခဲ့သည့် နေပြည်တော် Su-30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေးကို စစ်ကောင်စီက စုံခုံ ဖွဲ့စည်း၍ စစ်ဆေးမည် ဖေဖော်ဝါရီ ၂၄ ရက်နေပြည်တော် Su-30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေးကို လေယာဥ်ဆီများ ခိုးယူရောင်းချခဲ့သည့်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စုံခုံ (စုံစမ်းစစ်ဆေးရေးခုံ) ကို ယခု ဖေဖော်ဝါရီလအတွင်းက ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက…

သတိပေးထားပြီနော် နော်မှငိုချင်းမချနဲ့

ဝေါမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများ လက်နက်ချ အလင်းဝင်ကြရန် သတိပေး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများ လက်နက်ချ အလင်းဝင်ကြရန် သတိပေးချက်တစ်ရပ်ကို သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်လိုက်ကြသည်။ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသူ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပျူစောထီး များကို…

ဘစိုင်းတစ်ယောက် လျှောသွားဘီ

နတ်မောက်မြို့နယ်တွင် အရပ်ဝတ်ဖြင့် ခရီးသွားရန် ထွက်လာသည့် အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူး ဘစိုင်း ပစ်ခတ်ခံရပြီး သေဆုံး ဖေဖော်ဝါရီ ၂၄ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောနှင့် ဂွေးကုန်းရွာအကြားရှိ အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူးဘစိုင်းကို ပစ်ခတ် ရှင်း လင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း နတ်မောက်မြို့နယ် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ယနေ့…

အမြည်းက၄၀ ကျော်ဆိုပဲ အတိအကျထုတ်ပြန်မှပိုပျော်ကြ

ကလေးမြို့တိုက်ပွဲ စခန်း ၃ ခုသိမ်းနိုင် စစ်တပ်ဘက်က ဗိုလ်ကြီးအပါ အများအပြားသေဆုံး ဖေဖော်ဝါရီလ ၂၄ ရက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်ကစတင်ပြီး တိုက်ပွဲပြင်းထန်နေရာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စခန်း ၃ ခုအထိ သိမ်းထားနိုင်သလို စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် အများအပြားသေဆုံးတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။ ဖေဖော်ဝါရီ ၂၁ရက်…

မင်္ဂလာရှိပါဘိ ရဲဘော်တွေဘေးကင်းကြပါစေ

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ပေါင်းတည်တွင် စစ် ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး ဖေဖော်ဝါရီ ၂၄ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက်စစ်တပ် စစ်ရေးဂိတ်ကို ဒရုန်း၊ လက် နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ၆ ဦးသေဆုံးခဲ့ကြောင်း…

ဟိုပုံးမြို့နဲ့ မိုင်းပွန်မြို့လမ်းပိုင်းအခြေနေ(ရုပ်သံ)

မိုင်းပွန်တိုက်ပွဲအတွင်း ကုန်တင်ကားတွေ ဆက်လက်ပိတ်မိ ဖေဖော်ဝါရီ-၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြို့နဲ့ မိုင်းပွန်မြို့မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် ယနေ့အချိန်ထိ ကုန်တင်ကားတွေ ဆက်လက်ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ "အများကြီးပဲ ကျန်ပါသေးတယ် အတိကျတော့ မသိဘူး မြို့အပြင် လမ်းမကြီး အထိရှိနေပါသေးတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ နဲ့ ပအိုးဝ်ပြည်သူ့စစ်တပ်ဖွဲ့ (PNO) တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်…

မိုင်းရှူးမှာ SSPP က ရှမ်းတိုင်းရင်းသားတွေကို အိမ်ထဲအထိ ဝင်ဖမ်း

မိုင်းရှူးမှာ SSPP က ရှမ်းတိုင်းရင်းသားတွေကို အိမ်ထဲအထိ ဝင်ဖမ်း ဖေဖော်ဝါရီ ၂၄ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့အတွင်း SSPP က မနေ့ညပိုင်းမှာ ရှမ်းတိုင်းရင်းသား အမျိုးသားတွေကို အိမ်ထဲထိဝင် ဖမ်းဆီးပြီး ထွက်ပြေးတဲ့သူတွေကို သေနတ်နဲ့ပစ်ခေတ်တယ်လို့ မိုင်းရှူးဒေသခံတစ်ဦးက ပြောပါတယ်။ "အိမ်တိုင်းဝင်ပြီး ဘာလူမျိုးလို့မေးတယ် ဗမာဆို သူတို့ဘာမှ မလုပ်ဘူး မေးပြီးပြန်ထွက်သွားတယ် ရှမ်းဆို ဖမ်းသွားတယ်။ ဒီညနေပဲ…

ဘယ်လိုတွေတောင်လဲ မုံရွာမြို့ကြီးရယ်

မုံရွာမြို့ပေါ်တွင် လုပ်ငန်းရှင်များ၊ စျေးဆိုင်များ မကြာခဏဆိုသလို ပြန်ပေးဆွဲ ဓားပြတိုက်ခံနေရသဖြင့် ချမ်း သာသူတချို့ မြို့မှ ပြောင်းရွှေ့ စွန့်ခွာ ■ ရဲ၊ စစ်တပ်နှင့်ပျူစောထီးများက လုယက် ပြန်ပေးဆွဲသကဲ့သို့ လက်နက် ကိုင်တချို့၏ ကျူးလွန်မှုများလည်း ရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် လုပ်ငန်းရှင်များ၊ စျေးဆိုင်များ မကြာခဏဆိုသလို ပြန်ပေးဆွဲ ဓားပြတိုက်ခံနေရသဖြင့်…