လေးစားရတဲ့ ဒေါ်ဇင်မာအောင်🙇🙇🙇ကမ္ဘာ့အဆင့် နော်သိ့ဖို့🌿🍀🌸👇🌸🍀🌿

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကမ္ဘာထိပ်သီးခေါင်းဆောင်တွေနဲ့အတူ မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်စကားပြောမယ်ဖေဖော်ဝါရီလ ၁၇ ရက်မြူးနစ်လုံခြုံရေးညီလာခံ ဆိုတာ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ ၁၉၆၃ ခုနှစ်ကစတင်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ညီလာခံဖြစ်ပါတယ်။ယခု ၂၀၂၄ ခုနှစ် ၁၆ ရက် ကနေ ၁၈ ရက်နေ့အထိ ဂျာမဏီနိုင်ငံ၊ မြူးနစ်မြို့မှာကျင်းပနေတဲ့ အဲ့ဒီ နှစ် ၆၀ ပြည့် ထိပ်သီးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ၊…

ဝမ်းသာပီတိ ဂွမ်းဆီထိ

လောင်းလုံးမြို့နယ်အတွင်း သတင်းထောက်လှမ်းနေသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွား ဖေဖော်ဝါရီ ၁၇တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း သတင်းထောက်လှမ်းနေသော ပျူစောထီး ၁ ဦးကို ပစ်ခတ် တိုက်ရာ သေဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ…

ထောက်ခံပွဲတွေဘာတွေလုပ်မနေနဲ့ တ-ပ်ထဲသာတစ်ခါထဲဝင်လိုက်

ပုသိမ်တွင် မြို့နယ်ပေါင်းစုံမှ တပ်မိသားစုများကိုစုပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံပွဲပြုလုပ် ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၇ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ဇန်နဝါရီလ ၁၆ရက်နေ့ နေ့လည်က စစ်ကောင်စီ၏ ခွင်ပြုချက်ဖြင့် လူအင်အား၁၀၀၀ခန့်က စစ်မှုထမ်းဥပဒေကိုထောက်ခံပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ဆန္ဒပြပွဲကို ဧရာ၀တီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များမှ တပ်မိသားစု၀င်များမှဦးဆောင်ပြီး ယခင်ထောက်ခံပွဲများတွင် နေ့စား ဆန္ဒပြ လိုက်ဖူးသူများကို မြို့နယ်များမှ ကားဖြင့်…

အကွက်ဟောင်းတွေပြန်သုံးတော့မယ်

ရက္ခိုင်ရှိ မူဆလင်များကို လက်နက်ကိုင် အကြမ်းဖက်မှု လုပ်ရန် စစ်ကောင်စီအဖွဲ့စည်းရုံး AB News - ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ မောင်တောခရိုင်ရှိ မူဆလင်များကို အစည်းအဝေးခေါ်ယူကာ လက်နက်ကိုင်ပြီး လူမျိုးရေး အကြမ်းဖက် အဓိကရုဏ်းဖန်တီးရန် အကြမ်းဖက်စစ်ကောင်စီက စည်းရုံးနေကြောင်း ဒေသခံများက AB News သို့ ပြောကြားသည်။ မောင်တောမြို့၊ မြို့သူကြီး အမှတ် ၅…

ဗောဓိကုန်းကရလိုက်တာတွေထုတ်ကြွား

AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော မောင်တော စစ်ကောင်စီ ဗောဓိကုန်းစခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ဖေဖော်ဝါရီ ၁၇ ရခိုင်ပြည် မောင်တောမြို့နယ်အနီးက စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သည့် ဗောဓိကုန်းစခန်းကို ရက္ခိုင့်တပ်တော် AA က ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ နံနက် ၆ နာရီတွင် အပြီးသတ်သိမ်း ပိုက်လိုက်ကြောင်း AAသတင်းရင်းမြစ်က ပြောသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ…

သတင်းကောင်ဗျို့ တေတာတောင်အရှက်ကွဲသွားသေးတယ်

ဝမ်းတွင်းတွင် လူငယ်များကို စစ်တပ်ထဲဆွဲသွင်းနေသူ ပျူစောထီးနှင့်ပြည်သူ့စစ်ခေါင်းဆောင် နန္ဒာကျော် ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရရှိသော်လည်း ကော်စေ့သေနတ်ဖြစ်နေရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရန် စစ်တပ်ထဲ ဆွဲသွင်းနေသူ ပျူစောထီးနှင့် ပြည်သူ့စစ်ခေါင်းဆောင် နန္ဒာကျော် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဝမ်းတွင်းမြို့တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော WTRFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ…

လှလိုက်တဲ့ မြင်ကွင်း ပေါလော်ပေါ်😄😄😄

မောင်တောတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို AA ကြားဖြတ်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးရန်ကုန်| ဖေဖော်ဝါရီ ၁၇ ရခိုင်ပြည် မောင်တောမြို့နယ် ရွှေရင်အေး နောက်ဘက် ပန်းတောပြင် မွတ်ဆလင်ကျေးရွာ အနီးတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်AA က ကြားဖြတ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီစစ်သားများ…

မီးသ-တ်ကကိုကိုတွေပီးရင် အီပီစီက ကိုကိုမမတို့ခေါ်ပေးပါ ဘဘ

စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းခိုင်းရာတွင် မီးသတ်တပ်ဖွဲ့ဝင်များကိုဦးစားပေး ခေါ်ယူမည်ဟုဆိုရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းခိုင်းဖြစ်ရာ လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင်များကို ဦးစားပေး၍ ချက်ချင်း ခေါ်ယူမည်ဟု သိရှိရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဗဟို) သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "မီး သတ် ဝန်ထမ်းတွေကို ဦးစား ပေး ချက်ချင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်…

သတင်းတွေခပ်စိပ့်စိပ့်ကြားနေရတယ် ခလေးတွေဂရုပြုကြပါ

ပေါ်တာ is not a joke နော်။ လူပျောက် ကြော်ငြာတွေ ဒီရက်ပိုင်း မြင်ရတာ တော်တော် စိတ်နေတယ်။ လူငယ်တွေချည်းပဲ ပျောက်နေတာ။ သတင်းဌာနတွေမှာ ဖော်ပြချက်အရ ဒီရက်ပိုင်း ထဲမှာကို စစ်တပ်ရဲ့ အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်တာ ခံရသူ ၄၀၀ ကျော်သွားပြီလို့ သိရတယ်။ သွားသတိ လာသတိနဲ့ နေကြပါ။ ❎…

ပြေးကြပြေးတဲ့နေရာထိလိုက်မယ်(ရုပ်သံ)

မအီမြို့ရှိ စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့မိသားစုများ ရဟတ်ယာဉ်ဖြင့် အမ်းသို့ ပြောင်းရွေ့နေ AB News - ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄ မအီမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မိသားစုဝင်များကို ယနေ့ ဖေဖော်ဝါရီလ ၁၆ရက်၊ မွန်းလွှဲ ၁၂နာရီကျော်အချိန်မှ ယခုအချိန်ထိ ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့နေသည်ကို တွေ့ရသည်။ မအီမြို့ ဘောလုံးကွင်းတွင် ရဟတ်ယာဥ်ကို စက်နှိုးရပ်ထားကာ လက်နက်ခဲယမ်းများအပါအဝင်…