ပဒိုတို့က နေပြည်တော်ကိုဆော်တော့မယ် ငပုဖျင်ကြိမ်းဖို့သာပြင်

မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီ၏ အသဲနှလုံး နေပြည်တော်ထိုးဖောက်နိုင်ရေး လုပ်သွားမည်ဟု KNUအသိပေး ဖေဖော်ဝါရီလ ၂၂ ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့်မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီ၏ အရှိုက်ဖြစ်သည့် နေပြည်တော်ကို ထိုးဖောက်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောကြားသည်။ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယခု ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း KNU တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊တပ်မဟာ(၆)…

ရှမ်းပြည်နယ်ပွဲတွေလည်း တစ်ဂျိန်းဂျိန်း

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား၊ ပြည်သူ့စစ် ၄ ဦးသေဆုံးပြီး ၆၀ မမ ၁ လက် အပါအဝင် လက်နက် ၅ လက်၊ ကားတစ်စီးနှင့်ခဲယမ်းများ သိမ်းဆည်းရရှိဖေဖော်ဝါရီ ၂၂ရှမ်းပြည်နယ်၊ ဟိုးပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပြည်သူ့စစ် ၄ ဦးသေဆုံးကာ ၆၀ မမ ၁ လက်အပါအဝင် လက်နက် ၅ လက်၊…

သာမန်အခြေအနေမဟုတ်၍ အရွယ်ရောက်သူတိုင်း ၅ နှစ်အထိ စစ်မှုထမ်းရနိုင်

စစ်ကောင်စီက သာမန်အခြေအနေမဟုတ်ဟု ပြောဆိုထား၍ အရွယ်ရောက်သူတိုင်း ၅ နှစ်အထိ စစ်မှုထမ်းရနိုင် ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၂၂ ရက် စစ်ကောင်စီသည် မဲစာရင်းကိစ္စ အကြောင်းပြ၍ နိုင်ငံတော်အာဏာကို မတရားသဖြင့် လုယူခဲ့ပြီးနောက် ၎င်းတိုသက်တမ်းအား သာမန်အခြေအနေ မဟုတ်ဟုဆိုကာ အလီလီတိုးယူထားသကဲ့သို ခေတ်အဆက်ဆက် ကတိမတည်မှုများကြောင့် အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ကာလသည်လည်း ၅ နှစ်အထိ ဖြစ်သွားနိုင်ကြောင်း…

ရှမ်း/တောင်SSPP နဲ့ မဟာမိတ်တွေပူးပေါင်းပြီး ပွဲကနေပြီ

မိုင်းပွန်တွင် SSPP ဦးဆောင်သော မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ စစ်ဘေးရှောင်နေရ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့တွင် ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဦးဆောင်သော မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့…

ချေပဲချေနိုင်လွန်းတယ် ဝဋ်က ဒီဘဝမဟုတ်ဘူးနောက်ဘဝထိတောင်မကျေဘူး

ပဲခူးမြို့၊ ဘုရားသုံးဆူ ဝဋ်ကြွေးကြေ ဘုရားတွင် ထီးတော်တင်၍ မင်းအောင်လှိုင် ယတြာချေမည် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ အကြမ်းဖက်မင်းအောင်လှိုင်က ပဲခူးမြို့၊ ဘုရားသုံးဆူ၊ ဝဋ်ကြွေးကြေဘုရားတွင် ထီးတော်တင်လှူ၍ ယတြာချေမည်ဖြစ်ကြောင်း ပဲခူးစစ်ကောင်စီနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "လောလောဆယ်သိထားတာကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ လာဖို့ စီစဉ်ထားတယ်။ လူကြီးခရီးစဉ်ဖြစ်တော့ ရက်အပြောင်းအလဲတော့ ရှိနိုင်ပါတယ်။ ဘုရားသုံးဆူမှာ…

လွိုင်ကော်မြို့ကြီးကိုခဝေးတွေဖျက်စီး(ရုပ်သံ)

လွိုင်ကော်မြို့အတွင်းရှိ ရပ်ကွက်နေအိမ်တွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချပြီး မီးရှို့ဖျက်ဆီး (ရုပ်/သံ) ++++++++++++++++++++++++++ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ ကရင်နီပြည်နယ် လွိုင်ကော်မြို့ထဲရှိ ရပ်ကွက်များအတွင်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ မီးလောင်ဗုံးများ၊ အဝေးပစ်မီးလောင်ဗုံးများ ကြဲချခြင်း၊ ပစ်ခတ်ခြင်း များ ပြုလုပ်ခဲ့၍ နေအိမ်များ မီးလောင်ကျွမ်းပျက်စီးခဲ့ရတယ်လို့ Karenni Nationalities…

လွတ်ငြိမ်းတွေထွက်လာပီးကတည်းကမငြိမ်းချမ်းတော့ဘူး

မန္တလေးမှာ ကလေးကျောင်းပို့ ပြန်လာသူကို သတ်ပြီး ဆိုင်ကယ်လုယက်သူတွေ ဖမ်းမိတယ်လို့ စစ်အုပ်စု ဆို ဖေဖေါ်ဝါရီ - ၂၂ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၂၈)လမ်းနဲ့ (၂၉)လမ်းကြား၊ (၅၃)လမ်းပေါ်မှာ ဖေဖော်ဝါရီ(၁၉)ရက် နေ့လည်ပိုင်းက ကလေးကျောင်းပို့ ပြန်လာသူကို ဓားနဲ့ထိုးသတ်ပြီး ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသား လေးဦးကို ဖမ်းမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ ဖေဖော်ဝါရီ(၁၉)ရက် နေ့ခင်း(၁)နာရီခွဲက…

(21.2.2024)ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ

ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။ရည်ညွှန်း ဆန်ဈေး ဧည့်မထ အုပ်စု ၁ အိတ်လျှင် ၇၀၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ် အထူး ဧည့်မထ အုပ်စု ၁ အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ် ဆန်ချော…

ဘူးသီးကြော်ဆိုင်မှာရခိုင်မုန့်တီဖြစ်😄😄😄

ရခိုင်ပြည်နယ်မောင်တောတိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သား ၂၆ ဦးတွင် ဗိုလ်မှူး ဇင်ကိုကို ပါဝင်ဖေဖော်ဝါရီ ၂၁ ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တိုက်ပွဲများအတွင်း သေဆုံးခဲ့သော စစ်သား ၂၆ ဦးတွင် ဗိုလ်မှူး ဇင်ကိုကို ပါဝင်ကြောင်း မှော်ဘီမြို့၊ ၂ ရပ်ကွက်မှ ဒေသပြည်သူတချို့က ပြောဆိုသည်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက်…

ဌာနတစ်ခုကို ၂ယောက်ဆိုတော့ နန်းနန်းတို့အဖော်ရတာပေါ့

မြောင်းမြမြို့ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများ စစ်မှုထမ်းဥပဒေအရ ဌာနတစ်ခုလျှင် Non CDM ဝန်ထမ်း ၂ ဦးစီ စစ်မှုထမ်းရမည် ဖေဖော်ဝါရီလ ၂၁ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ ဌာနတစ်ခုလျှင် Non CDM ဝန်ထမ်း နှစ်ဦးစီ စစ်မှုထမ်းရန် အတွက် ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စတင် စာရင်းပေးရမည် ဖြစ်ကြောင်း…