အိုးဘဲဥ အပါအဝင်မွှင်းခါး၁၅ပွဲ ရှယ်ကြိတ်

ကလေး မြို့နယ် စစ်​ကောင်စီတပ်စခန်း ၃ ခုသိမ်းတိုက်ပွဲ အရာရှိအပါအဝင်စစ်တပ် ၁၅ဦးသေ၊ လက်နက် မျိုးစုံ ၁၂လက်ရဟု အမှတ်(၁) စစ်ဒေသထုတ်ပြန် မောင်မောင်၊​ စော​နွေဦး /People’s Spring စစ်ကိုင်းတိုင်း ၊ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ စခန်းများအား တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ၃ ရက်အတွင်း စခန်း ၃ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန…

မန္တလေး အဖ-မ်းစီးကျမ်းနေဘီ သတိထားကြ

မန္တလေး၊ အောင်ပင်လယ်မှာ ဧည့်စာရင်းအကြောင်းပြပြီး လူငယ်၁၀ဦးကို စစ်တပ် ဖမ်းဆီး ဖေဖော်ဝါရီ ၂၅ မန္တလေးမြို့၊ အောင်ပင်လယ်ရွာမှာ ဒီကနေ့မှာ နေ့လည်ပိုင်း စစ်တပ်က ဧည့်စာရင်းစစ်ပြီး လူငယ် ၁၀ဦးခန့် ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။"စစ်တပ်နဲ့ ရပ်ကွက်လူကြီးရော ထွေအုပ်ကလည်းပါတယ် ဧည့်စာရင်းစစ်ရင်းနဲ့ ဆွဲခေါ်သွားတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မန္တလေးမြို့တွင် ပုံမှန်ဆိုရင် ဧည့်စာရင်းကို ညပိုင်းအချိန်မှသာ…

အဘကျေးဇူးကြောင့် မွန်လူငယ်တွေရေးဘီလူးစီရောက်ကုန်ဘီ

မွန်တော်လှန်ရေးတပ်ဖွဲ့များဆီသို့ လူငယ် ရာနှင့်ချီ ဝင်ရောက်လာ ဖေဖော်ဝါရီလ ၂၅ ရက် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် မွန်ပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များဆီသို့ လူငယ် ရာနှင့်ချီဝင်ရောက်လာကြောင်း သိရသည်။ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက "ပြည်သူ့ စစ်မှုထမ်းဥပဒေ” ကိုအတည်ပြု လိုက်ပြီးနောက် ယင်းဥပဒေကို ဆန့်ကျင်သည့် လူငယ်များက တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက် လာခြင်းဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ကိုကြက်က ပြောသည်။ "ကျွန်တော်တို့ ရေးဘီလူးတပ်ဖွဲ့ဆီကို အသစ်ဝင်လာတဲ့…

လှိုင်သာယာ အုန်း အုန်းအုန်း

လှိုင်သာယာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးနှင့် စစ်သား၊ ပျူစောထီးများ စစ်ဆေးစုဝေး သည့် နေရာ ၂ ခုကို မိနစ်ပိုင်းခြားပြီး ဗုံးခွဲတိုက်ခိုက်မှုဖြစ် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးနှင့် စစ်သား၊ ပျူစောထီး များ စစ်ဆေး၊ စုဝေးသည့်နေရာ ၂ ခုကို မိနစ်ပိုင်းခြားကာ အဆင့်ဆင့်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း…

“လမ်းများအားလုံးနေပြည်တော်သို့”ကြားရုံနဲ့ကြောက်နေကြဘီ

နေပြည်တော်တွင် မဆုတ်တမ်းခံစစ် ၊ တန်ပြန်တိုက်စစ် နှင့် စီမံချက်အသစ်များကို ပြင်ဆင်ရေးဆွဲခိုင်းထားပြီး အဆင်ပြေသည့်စီမံချက်ကို အသုံးပြုမည် ဖေဖော်ဝါရီလ ၂၅ ရက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ရှိ ရေဆင်းနှင့် ပျဉ်းမနားမြို့နယ်များတွင် တပ်နယ်အလိုက် မဆုတ်တမ်းခံစစ်၊ တန်ပြန်တိုက် စစ်နှင့် စီမံချက်များကို အသစ်ရေးဆွဲပြင်ဆင်ခိုင်းနေကြောင်း သိရသည်။ အဆိုပါ စီမံချက်အသစ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်ခန့်မှစတင်ပြီး…

ပုသိမ်ကနန်းနန်းတွေ ခြေခြုပ်မိဘီ အေးရော

ပုသိမ်တက္ကသိုလ် မှ စစ်သင်တန်းတက်သူများကို အိမ်ပြန်ခွင့်မပေးပဲ စစ်တပ်တွင်းမှာသာ နေခိုင်း ဖေဖော်ဝါရီ ၂၅ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ရှိသော တက္ကသိုလ် များမှ စစ်သင်တန်းတက်ရောက်နေရသော သင်တန်းသားများကို စစ်တပ်တွင်းမှာသာ နေထိုင်ခိုင်းထားပြီး နေအိမ်ပြန်ခွင့်မပြုကြောင်းသိရသည်။"သင်တန်းကိုဆရာမကတက်ပါလို့ တိုက်တွန်းတာကြောင့် ခွင့်ပြုလိုက်တာ နှစ်ပတ် ပဲကြာမယ်ဆိုပြီး ခုက စစ်တပ်ပုံစံ အိမ်လဲမပြန်ရဘူး တပ်ထဲမှာပဲနေရတော့တယ်။ ရှေ့တန်းလွှတ်လိုက်မှာလဲစိုးရိမ်နေရတယ်"ဟု သင်တန်းသားမိသားစု၀င်တစ်ဦးမှ ပြောသည်။လက်ရှိသင်တန်းတက်ရောက်နေသူများကို…

ငပုမိသားစု ချမ်းသာအောင်အသ-တ်ပေးနေကြတာ မသနားနဲ့

ရခိုင်တွင် သေဆုံးသွားသည့် အောက်ခြေတပ်မိသားစု၀င်များ၏ အခြေအနေမှန်ကို စစ်ကောင်စီက အသိပေးခြင်းမရှိဘဲ စစ်တိုက်ခိုင်းထား၊ ▪️ပျောက်ဆုံး သေဆုံး တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်အချို့ အာဟာရ ပြတ်လပ်၍ ရန်ကုန်သို့ ရောက်ရှိနေ ဖေဖော်ဝါရီလ ၂၅ ရက် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် မင်းပြားတိုက်ပွဲများတွင် စစ်ကောင်စီ၏ အောက်ခြေ တပ်မိသားစု၀င်များကို ကမ်းထိုးရေယာဉ် အစုတ်များဖြင့် ထွက်ပြေးခိုင်းရာမှာ နစ်မြုပ် သေဆုံးမှုများ ဖြစ်ပွားခဲ့‌သည်။…

သာယာဝတီသား​တွေ လက်စွမ်းပြလိုက်ကြတော့

သာယာဝတီထောင်တွင် ထောင်ပိုင် ရဲရင့်နိုင်က နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မအလုပ်ခိုင်းစေပြီး အလုပ်မလုပ်လိုလျှင် ငွေပေးရန် မိသားစုထံ ငွေညှစ်‌တောင်းခံနေရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ပဲခူးတိုင်း၊ သာယာဝတီဗဟိုအကျဥ်းထောင်တွင် ထောင်ပိုင် ရဲရင့်နိုင် အပါအဝင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မ အလုပ်ခိုင်းစေနေပြီး အလုပ်မလုပ်လိုပါက ငွေပေးရန် မိသားစုထံ ဆက်သွယ်ငွေညှစ်တောင်းခံနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။ နိုင်ငံရေးအကျဉ်းသားများကို အလုပ်မလုပ်လိုပါက ထောင်အာဏာပိုင်များက…

၇၆ နှစ်မြောက်ချင်းအမျိုးသားနေ့ကိုဂုဏ်ပြုပါတယ်

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့၌ ကျင်းပသည့် ၇၆ နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်NUG ဝန်ကြီးများ တက်ရောက်ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ ဧရိယာတွင်ကျင်းပသော ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် NUG ဝန်ကြီးများဖြစ်ကြသော ဦးထင်လင်းအောင်၊ ဦးမိုးဇော်ဦးတို့ တက်ရောက်အားပေးခဲ့ ကြောင်း…

ကိုယ်လုပ်မှကိုယ်စားရသူတွေကြည့်ထား

စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ပြည်ပထွက်ခွာမည့်သူ များပြားသဖြင့် နိုင်ငံခြားငွေ ဝယ်လိုအား မြင့်လာသလို ရွှေဈေးပါ တက်လာသဖြင့် ဖေဖေါ်ဝါရီ ၁၉ ရက်မှစ၍ လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရသည်။ ဖေဖေါ်ဝါရီ ၉ ရက် အမေရိကန် ၁ ဒေါ်လာဈေးမှာ ၃၅၀၀ကျပ် ပေါက်သော်လည်း ယနေ့ ကျပ် ၃၆၀၀ ကျော်ဖြစ်လာပြီး အကယ်ဒမီ အခေါက်ရွှေ ၁…