ထွန်းလင်းကို ပဲခူးငါးချဉ်ဝိုင်းထည့်လိုက် အမျိုးတို့

ပဲခူးမြို့နယ်၊ ကမ်းမြင့်ကျေးရွာတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အဝေးရောက် လူငယ်များကို အုပ်ချုပ်ရေးမှူးထွန်းလင်းက ပြန်ခေါ်ခိုင်း၊ ထွက်ပြေးလျှင် ကျန်ရစ်သူများကို ထောင်ချမည်ဟု ခြိမ်းခြောက် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ကမ်းမြင့်ကျေးရွာတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အဝေးရောက် လူငယ်များကို အုပ်ချုပ်ရေးမှူးထွန်းလင်းက ပြန်ခေါ်ခိုင်းနေကြောင်း ကျေးရွာမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ…

နုကြည်သတိပေးနေဘီနော် အဓိက ကရပ်ကျေးတွေပဲ

စစ်ကောင်စီရဲ့ စစ်မှုထမ်းလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်သူတွေကို အရေးယူမယ်လို့ NUGသတိပေး ဖေဖော်ဝါရီ-၂၄၊ ၂၀၂၄ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပက်သက်သူတွေကို အကြမ်းဖက်မှုကျူးလွန်သူတွေအဖြစ် သတ်မှတ်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။ အကြမ်းစစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြည်သူတွေကို‌ပေါ်တာဆွဲတာ၊ အတင်းအဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းဖို့ဆင့်ခေါ်တာ၊ သင်တန်းပေးတဲ့လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေဟာ အကြမ်းဖက်မှုကို ကျူးလွန်ရာရောက်တယ်လို့…

တလရတစ်​ လျောက်ညိမ်လာတဲ့ မွန်ပြည်နယ်ရေသတိသာထားနေကြတော့

မွန်ပြည်နယ်မှာ တစ်လလျှင် လူငယ် ၅၀၀ နီးပါး စစ်မှုထမ်းဖို့ဆင့်ခေါ်နိုင် ဖေဖော်ဝါရီလ ၂၅ ရက် အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည် နယ်မှာ တစ်လလျှင် လူငယ် ၅၀၀ နီးပါး စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်လို့ သိရပါတယ်။ မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာ ရပ်ကွက်ပေါင်း ၁၀၀ ၊ ကျေးရွာအုပ်စု ၃၆၈…

ခွင့်နှင့်ပြန်လာရာမှ တစ်သက်တာခွင့်ပါရသွားတယ်

သထုံတွင် ခွင့်ပြန်လာသည့် ခလရ ၁၁ ဝါးယားချောင်း(ပုသိမ်) ဗိုလ်ကြီး စောထွန်းနောင် ပစ်ခတ်ခံရပြီး သေဆုံး ဖေဖော်ဝါရီ ၂၅ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခွင့်ပြန်လာသည့် ခလရ ၁၁ ဝါယားချောင်း(ပုသိမ်)မှ ဗိုလ်ကြီးစောထွန်းနောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သထုံခရိုင် အထူးပြောက်ကျားတပ်ဖွဲ့မှ သတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီ…

ခဝေးပြေးဝက်ပြေး ကြောက်ပြေး(ရုပ်သံ)

သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာအတွင်း ဝင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ) ++++++++++++++++++++++++++ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာကို အကြမ်းဖက်စစ်တပ်ဝင်ရောက်လာတဲ့အတွက် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ (ဖျက်မြင်းစစ်ကြောင်း)မှ Drone တပ်ဖွဲ့နှင့်ပူးပေါင်းပြီး ဓနု ဒရုန်းတပ်-DANU Drone Force က တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။ တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွ ခြေဉီးတည်ရာပြေးလွှားထွက်ပြေးသွားကြပြီး…

အညာသားတွေပျူစခန်းကို ဝင်ဆော်(ရုပ်/သံ)

ရွှေဘိုမြို့နယ် သီလုံးပျူစခန်းကို တော်လှန်ရေးတပ်တွေကို ဒုတိယအကြိမ်ထပ်မံစီးနင်း (ရုပ်/သံ) +++++++++++++++++++ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ရွှေဘိုမြို့နယ် သီလုံးပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဒုတိယအကြိမ်ထပ်မံစီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိကျောင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။ သီလုံးပျူစခန်းအား နံနက် ၁၀ နာရီခန့်က တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး…

ခွက်စောင်းခုတ်ကြရင်း အချင်းချင်း ပြန်သ-တ်

ဇီးကုန်းမှာ ရဲတစ်ဦး အဆိပ်မိပြီး သေဆုံး၊ကွမ်းနင်ပြီး သေဆုံးတာလို့ စစ်ကောင်စီ သတင်းလွှင့် ဖေဖော်ဝါရီ ၂၄ ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦးသည် အဆိပ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက တဆင့်သိရပါတယ်။ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ စစ်တပ် နှင့် ရဲ ပူးပေါင်းထားတပ်ဖွဲ့ဟာ ဘော်ဘင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားစဉ် လုံခြုံရေးယူနေတဲ့…

ရွှေဈေးတွေ မိုးပေါ်ထိမြင့်တတ်

အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းခွဲအထိ ရောက်ရှိဖေဖော်ဝါရီ ၂၄ ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းခွဲသို့ ရောက်ရှိလာကြောင်း ရန်ကုန်မှ ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။ "ကမ္ဘာ့ရွှေစျေးလည်း တက်တယ်။ မြန်မာ့ရွှေစျေးတက်တာက ဒေါ်လာစျေးမာနေတာရယ်၊ နောက်ပြီး နိုင်ငံရေး အခြေအနေက သိတဲ့အတိုင်းပဲ။ စစ်မှုထမ်းဥပဒေတွေနဲ့ဆိုတော့ စီးပွားရေးတွေလည်း အလှုပ်အခတ်များတယ်။ စျေးကွက်မငြိမ်ဘူး။ အကြောင်းတရားတွေက တစ်ခုတည်းကိုတော့…

ငပုလက်အောက်ကကောင်တွေက သူခိုးမဟုတ်ရင်ဂျပိုးပဲ

လေယာဥ်ဆီများ ခိုးယူရောင်းချခဲ့သည့် နေပြည်တော် Su-30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေးကို စစ်ကောင်စီက စုံခုံ ဖွဲ့စည်း၍ စစ်ဆေးမည် ဖေဖော်ဝါရီ ၂၄ ရက်နေပြည်တော် Su-30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေးကို လေယာဥ်ဆီများ ခိုးယူရောင်းချခဲ့သည့်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စုံခုံ (စုံစမ်းစစ်ဆေးရေးခုံ) ကို ယခု ဖေဖော်ဝါရီလအတွင်းက ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက…

သတိပေးထားပြီနော် နော်မှငိုချင်းမချနဲ့

ဝေါမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများ လက်နက်ချ အလင်းဝင်ကြရန် သတိပေး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများ လက်နက်ချ အလင်းဝင်ကြရန် သတိပေးချက်တစ်ရပ်ကို သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်လိုက်ကြသည်။ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသူ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပျူစောထီး များကို…