ဘာကြီးတွေလဲ ဘာကြီးတွေလဲ အပုံလိုက်ကြီးတွေ

မုန်းမြို့တိုက်ပွဲ Federal Wings ပါ ပူးပေါင်းတိုက်ခိုက် မဲခေါင်၊ ဒီဇင်ဘာ ၇ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ Federal Wings ဒရုန်းတပ်ဖွဲ့လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။ မုန်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ် ခမရ-(၅၉၉) နဲ့ ၅၉၀ တို့အပါအဝင် မုန်းမြို့ရဲ့စခန်း၊ တံတားထိပ်…

ဗျူဟာကျတဲ့ တာရင်တောင်ကိုရထားပြီဆိုတော့အသာလေးကောက်ထည့်လိုက်ရုံပဲ(ရုပ်သံ)

စ်ရေးဗျူဟာကျတဲ့ တာရင်တောင်ကို သိမ်းပိုက်ပြီးနောက် လောက်ကိုင်ပတ်လည်မှာ စစ်ကောင်စီစခန်း ၄ ခုသာကျန် (ရုပ်သံ) မဲခေါင်၊ ဒီဇင်ဘာ ၆ လောက်ကိုင်မြို့ကို အပေါ်စီးမှ မြင်ရပြီး စစ်ရေးအရ ဗျူဟာကျတဲ့ တာရင်တောင်ကို MNDAA က ဒီနေ့ ဒီဇင်ဘာ ၆ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်တာကြောင့် လောက်ကိုင်မြို့မှာ စစ်ကောင်စီတပ်စခန်း ၄ ခုသာ ကျန်တော့တယ်လို့ သိရပါတယ်။

ပဲဟင်းစားတဲ့ကောင်တွေကို မွှင်းခါးချက်ဖို့ပို့တော့မယ်

Breaking News- တပ်မတော်အက်ဥပဒေ၊ ရာဇဝတ်ဥပဒေများဖြင့် ထောင် ကျ နေသည့် စစ်သားဟောင်းများအားလုံးကို စစ်ကောင်စီက ယနေ့ လွတ်ငြိမ်း ခွင့်ပေးပြီး တစ်ဆင့်တိုးရာထူးဖြင့် စစ်မှု ပြန်ထမ်းခိုင်း ဒီဇင်ဘာ ၇ ရက် အကြမ်းဖက်စစ်ကောင်စီက အစိုးရအဆက်ဆက် တပ်မတော်အက်ဥပဒေဖြင့် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းချခံနေရသည့် စစ်သားဟောင်းများအားလုံး ကို ယနေ့ လွတ်ငြိမ်းခွင့်ပြုပြီး စစ်တပ်တွင် တစ်ဆင့်တိုးရာထူးဖြင့် စစ်မှုပြန်ထမ်းခိုင်းလိုက်ကြောင်း…

မုံရွာမြို့ဆီဆိုင်ကုန်း ကာကင်းစခန်းကိုဝင်ဆော်

မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ဆီဆိုင်ကုန်း ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ ဒီဇင်ဘာ ၇ ရက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ဆီဆိုင်ကုန်း ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၁…

ဒါကတော့များသွားပြီ ဗိုလ်မှူးချုပ်အဆင့်နော် သူရဘွဲ့ထပ်ရပြန်ပြီနောက်တစ်ကောင်

ကိုးကန့်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်သည်။ MNDAA က…

သူရဘွဲ့လို့ချင်ရင် သူတို့နောက်လိုက်သွားကြနော်

တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးသည့် ဗိုလ်မှူးကြီး ၂ ဦးနှင့် ဒုတိယဗိုလ်မှူးကြီး ၂ ဦးကို အကြမ်းဖက် မင်းအောင်လှိုင်က သူရဘွဲ့ ပေးအပ် ■ နိုင်ငံတစ်ဝန်း နွေဦးတော်လှန်ရေး တိုက်ပွဲများတွင် သေဆုံးသွားကြသော စစ်အရာရှိများ၊ ရဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းအများစုကို စစ်ကောင်စီက ဘွဲ့များ ပေးအပ် ရန်ကုန်၊ ဒီဇင်ဘာ ၇ အကြမ်းဖက်မင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင်…

ထွက်လာတာနဲ့ဆော်မှာပဲ တကောင်ဂန့်(ရုပ်သံ)

မြောင်မြို့နယ် ကျောက်ရစ်ပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် စစ်သား ၁ ဉီးသေဆုံး (ရုပ်/သံ) ++++++++++++++++++++ ဒီဇင်ဘာ ၇ ရက် စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သား အင် အား ၅၀ ခန့်ကို ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီခွဲခန့်က…

မန္တလေးတွင်”အမေ့လျော့ခံသူရဲကောင်းများအတွက်”

မန္တလေးတွင် "အမေ့လျော့ခံသူရဲကောင်းများအတွက်ဆက်လက်တ်ိုက်ပွဲဝင်ကြ"စာသားချိတ်ဆွဲ ရန်ကုန်၊ ဒီဇင်ဘာ ၇ မန္တလေးသပိတ်အင်အားစုမှ အမျိုးသားနေ့တွင် တရားမျှတမှုအတွက် ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးအတွက် အသက်ပေးဘဝပေး စတေးခဲ့ကြသည့် ဓမ္မသူရဲကောင်းများကို အမှတ်ရသောအားဖြင့် "အမေ့လျော့ခံသူရဲကောင်းများအတွက်ဆက်လက်တ်ိုက်ပွဲဝင်ကြ"စာတန်းပါစာသားကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်မှ ပြည်သူ့မြို့ပြတော်လှန်ရေး ရဲဘော်များကို လက်နက်ကြီး (RPG) အသုံးပြု၍ ထုသဖြင့် PDF ရဲဘော် ၈ ဦး ‌သေဆုံးပြီး ၈ ဦးမတရားဖမ်းဆီးခံခဲ့ရသော…

ရန်များကုန်စင်စေရမည် ရန်ကုန်

ရန်ကုန်တွင် ရန်များကုန်သည်အထိ စစ်ဆင်ရေး တိုးမြှင့်တော့မည်ဟုဆို ဒီဇင်ဘာလ ၇ ရက် ရန်ကုန်မြို့တွင် ရန်များကုန်သည်အထိ စစ်ဆင်ရေးများ တိုးမြှင့် ဆောင်ရွက်သွားတော့မည်ဟု သိရသည်။ ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျား တပ်ဖွဲ့များပူးပေါင်းကာ စစ်ဆင်ရေးများတိုးမြှင့်ဆောင် ရွက်သွားမည် ဖြစ်၍ ပြည်သူတို့အနေနှင့် စစ်တပ်နှင့်ဆက်စပ်သောနေရာများကို ဝေးဝေးရှောင်ကြရန်လည်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ ၏ ဒုစစ်ရေးတာဝန်ခံက ပြောသည်။ "ကျနော်တို့ဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း တက်ညီလက်ညီ…

စည်းလုံးခြင်းသည်အင်အား ပြည်သူတွေပါဝင်လာပြီနော်

ကော့သောင်းမြို့နယ်တွင် မိုက်ကြေးခွဲ သေနတ်ဖောက် ဆက်ကြေးကောက်နေသည့် တပ်ကြပ်ကြီး သိန်းအောင် ခရီးသွားတချို့၏ ခုခံမှုကြောင့် သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၇ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ဆက်ကြေးကောက်နေသည့် တပ်ကြပ်ကြီး သိန်းအောင်သည် ခရီးသွားပြည်သူတချို့၏ ခုခံမှုကြောင့် သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ အများပြည်သူများ သွားလာနေသည့် လမ်းမကြီးတွင် သေနတ်ဖောက်၍…