ဇော်မဲလုံးရုပ်သံလေးနားထောင်ပြီး ရီလိုက်ရတာအူပါတတ်

ဧပြီလနှောင်းပိုင်း သင်္ကြန်ပိတ်ရက်များအပြီး ပြည်သူများ စစ်မှုထမ်းရေး ဆင့် ခေါ်မည်ဖြစ်ပြီး စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုး သမီး၊ အမျိုးသား ၁၄ သန်းရှိဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို (ရုပ်သံ) ■ အဖွဲ့ဝင် ၁၈ ဦးပါ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီး လူငယ်များကို စစ်ရေး လေ့ကျင့်သင်ကြားပေးပြီးလျှင် ရှေ့တန်းစေလွှတ်မည် ဖေဖော်ဝါရီ ၁၄ မြန်မာနိုင်ငံတွင်…

ရခိုင်သင်္ဘောသီးသုတ်စပ်စပ်လေး ၉ပွဲမြောက်

မင်းပြားမြို့နယ်တွင် စစ်သင်္ဘော ၁ စီးကို AA က တိုက်ခိုက်သိမ်းပိုက်၊ AA က သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့သော စစ်သင်္ဘော ၉ စီးအထိရှိလာပြီ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စစ်သင်္ဘော ၁ စီးကို ရခိုင်တပ်တော်AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်…

ရှားတောမှာ ခဝေးတေပု-တ်နံ့တွေတော့နံနေတော့မှာပဲ

ရှားတောမြို့ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် ▪︎ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်သေ၊ ၃၀ ဦး အရှင်မိ၊ လက်နက်မျိုးစုံ အလက် ၁၀၀ကျော်ရ ▪︎ကလေးငယ်များ၊ကိုယ်ဝန်​ဆောင်မိခင်နှင့်မသန်စွမ်းများ အပါအဝင် စစ်ရှောင် ၆ဦးကို သတ်သွားသည့် စစ်ကူစစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၅၀ဦးခန့် သေဆုံးပြီး စစ်ကြောင်းပျက် ▪︎ကရင်နီပူး​ပေါင်းတပ်များက မယ်စဲ့၊ မော်ချီး၊ ရွာသစ်…

ပင်စင်စားတွေလည်း မနေရဘူး အကုန်ခေါ်

စစ်သားဟောင်းများကို တပ်ထဲ ပြန်ခေါ်မည့်ဥပဒေ စစ်ကောင်စီ ထပ်မံအသက်သွင်းMyanmar Nowစစ်တပ်ထဲမှ ထွက်ထားသူများနှင့် ပင်စင်စားစစ်သားများကို စစ်ကောင်စီတပ်ထဲ ပြန်လည်ခေါ်ဆိုမည့် အရန်တပ်ဖွဲ့ဥပဒေကို အသက်သွင်းကြောင်း စစ်ကောင်စီက ယနေ့တွင် ကြေညာလိုက်ပြန်သည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမှ အရပ်သားများကို စစ်ထဲသွင်းနိုင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သည့် စစ်ကောင်စီက စစ်သားဟောင်းများကိုလည်း တပ်ထဲပြန်ခေါ်မည့်ဥပဒေကို ဆက်လက်အသက်သွင်းခြင်းဖြစ်သည်။ထိုဥပဒေ ၂ ခုစလုံးသည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေက ၂၀၁၀ တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး…

ရက်သတ်မှတ်လိုက်ဘီ လုပ်စရာရှိတာလုပ်ကြတော့

သင်္ကြန်အပြီး စစ်မှုထမ်းရန် လူသစ်စစုမည်ဟု စစ်ကောင်စီ တရားဝင်ပြောပြီ------အပတ်စဉ် ၁ ခုကို လူ ၅၀၀၀ နှုန်း ခေါ်မည်ဖြစ်ပြီး ရှေ့တန်းလွှတ်ရန်လည်း ပါဝင်။Myanmar Nowသင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီလအတွင်းတွင် စစ်မှုထမ်းရန်အတွက် လူသစ်စုဆောင်းခြင်းကို စတင်လုပ်ဆောင်မည်ဟု စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC (မြန်မာပိုင်း) သတင်းဌာနကို ယနေ့တွင် ပြောဆိုလိုက်သည်။အပတ်စဉ် ၁ ခုလျှင် လူဦးရေ ၅,၀၀၀ ခန့်…

အညာသားတွေနည်းပညာလည်းကျွမ်းသား(ရုပ်သံ)

နွားထိုးကြီးမြို့နယ်အတွင်း လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သား တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် စစ်သား ၂ ဉီးသေဆုံး (ရုပ်/သံ) ++++++++++++++++++ ဖေဖော်ဝါရီ ၁၃ ရက် ၂၀၂၄ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်းရှိ ပြင်စီကျေးရွာအနီး လမ်းသွားပြည်သူတွေကို ပိုက်ဆံ တောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဉီးသေဆုံးသွားတယ်လို့…

သတင်းကောင်းပဲ အမှိုက်တွေရှ-င်းသွာတာပဲ

ရွှေဘိုမြို့နယ်၊ ရွာသာရွာက ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနဲ့ ပျူ ၇ ဦးသေဆုံး... +++++++++++++++++ ဖေဖော်ဝါရီ ၁၃ - ၂၀၂၄ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာက ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနဲ့ ပျူ ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ Shwebo Crocodile ပကဖ က ထုတ်ပြန်ပါတယ်။ ရွှေဘိုမြို့နယ်…

ထိပ်တိုက်တွေ့ ထိပ်တိုက်ဆော်(ရုပ်သံ)

မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ မြိုင်ပကဖတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ) ++++++++++++++++++++++ ဖေဖော်ဝါရီ ၁၃ ရက် ၂၀၂၄ မကွေးတိုင်း မြိုင်မြို့နယ်အတွင်း ကန်နီသို့ ရိက္ခာပို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ မြိုင်ပကဖတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရိ ၁၁ ရက်က ကန်နီကို ရိက္ခာပို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ မြိုင်မြို့နယ် ကျောင်းကုန်းကျေးရွာပတ်ဝန်းကျင်အနီးမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။…

ပြည်သူတွေဂရုစိုက်ကြဗျို့ ခဝေးဆွဲနေဘီ

Breaking News- တောင်ဒဂုံမြိုနယ်မှ လူငယ် ၁၇ ဦးကို ယမန်နေ့ ညနေပိုင်း စစ်မှုထမ်းရမည်ဟုဆိုကာ တပ်၊ ရဲနှင့် ထွေအုပ် စုပေါင်း အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား၊ လူငယ် ၁၇ ဦး တပ်သားသစ်စုဆောင်းရေးသို့ ရောက်ရှိဖေဖော်ဝါရီ ၁၃ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ လူငယ် ၁၇ ဦးကို ယမန်နေ့ ညနေပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည်ဆိုကာ…

ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်ကနန်းနန်းတို့ ထီပေါက်ဘီ

ဖေဖော်ဝါရီ ၁၃ ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်၀န်းအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို တက္ကသိုလ်အရန်တပ်ခွဲအဖြစ် တစ်လကြာ အခြေခံစစ်သင်တန်း ပေးနေကြောင်းသိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့် သတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံများက နိုင်ငံတဝန်း အရပ်သားပြည်သူများအား ပြည်သူ့စစ်အတွင်း ဝင်ရောက်ရန် အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီးပြီး…